ဖားအံမြို့တွင် လူငယ် ၅ ဦးကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ တစ်ဦးသေနတ်ထိမှန်

ဖားအံမြို့တွင် လူငယ် ၅ ဦးကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးရာ တစ်ဦးသေနတ်ထိမှန်

ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက် မြနန္ဒာလမ်းတွင် ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲအချိန် ရဲတပ်ဖွဲ့ဝင်များက လူငယ် ၅ဦးကို သွားရောက်ဖမ်းဆီးခဲ့ရာ တစ်ဦးသေနတ်ထိမှန်ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။

ယူနီဖောင်းအပြည့် ဝတ်ဆင်ထားသော အဆိုပါရဲတပ်ဖွဲ့သည် စာရင်းအတိုင်း သတင်းအတိအကျဖြင့် အသက် ၂၀ ကျော် အရွယ်ရှိ လူငယ်များကို နေအိမ်တစ်အိမ်၌ သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေးသဖြင့် တစ်ဦးမှာ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နောက် မိနစ်ပိုင်းအချိန်တွင်းမှာပင် စစ်သားများက စစ်ကားဖြင့် ထပ်မံ ရောက်ရှိလာကြောင်း ရပ်ကွက်နေပြည်သူများ က ပြောသည်။

မျက်မြင်သက်သေတစ်ဦးက "ငမျိုးက သေနတ်ကျည်ထိပြီးတော့ သူ့ကို စစ်သားတွေက ရိုက်နှက်ထုကြတယ်။ သူ့ရင် ဘတ်ကို စစ်ဖိနပ်နဲ့ကန်ပြီး သူ့ခေါင်းကိုလည်း ထပ်ကန်တော့ ကလေးက သတိလစ်သွားတယ်။ ထပ်ဖမ်းမိတဲ့ ကလေး ၃ယောက်ကိုလည်း ထုရိုက်ကြတယ်။ ငမျိုးကတော့ ထုရိုက်တာကို အခံရဆုံးပဲ။”ဟု ဆိုသည်။

သေနတ်ပစ်ခတ်ခံရသူ လူငယ်မှာ ဝမ်းဗိုက်ညာဘက်ဘေးတွင် ကျည်ထိမှန်သွားခဲ့သည်။ ထို့အပြင် ကျန်လူငယ်လေးဦး ကိုပါ ထပ်မံ ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်တွင် ဖားအံမြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း မိသားဝင်များနှင့် နီးစပ်သူက ပြောသည်။

အဆိုပါလူငယ်များမှာ သူငယ်ချင်းများဖြစ်ကြပြီး နေအိမ်တစ်အိမ်၌ အတူရှိနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ကာ လာရောက်ဖမ်းဆီးခဲ့ခြင်းမှာ ရပ်ကွက်အတွင်းရှိ စစ်ကောင်စီသတင်းပေး(ဒလန်)၏ တိုင်ကြားမှုကြောင့်ဖြစ် ကြောင်း သိရှိရသော်လည်း ကေအိုင်စီက သီးခြား အတည်ပြုချက် မရယူနိုင်ခဲ့ပေ။

ယခုရက်ပိုင်းတွင် ဖားအံမြို့ရှိ ရပ်ကွက်များအတွင်း၌ ညအချိန် ဧည့်စာရင်းများ လိုက်လံစစ်ဆေး‌နေ‌မှုများရှိကြောင်း သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...