သထုံ ကျိုက္ကော်မှာ ပစ်ခတ်မှုဖြစ် ၊ ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံး

သထုံ ကျိုက္ကော်မှာ ပစ်ခတ်မှုဖြစ် ၊ ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံး

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် ပဲခူးစုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့မနက်ပိုင်း ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၂ ဦးထိခိုက်ဒဏ်ရာရသလို ဆိုင်ကယ်နဲ့လာပစ်တဲ့ဘက်က ၁ ဦးသေဆုံးပြီး ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

"ဒီမနက်ပိုင်းမှာ ဆိုင်ကယ်နဲ့ပစ်တဲ့လူတွေက ဘာကြောင့်ရောက်နေတယ် မသိဘူး။ လှည့်ကင်းကားနဲ့တိုးပြီး ကားကိုပစ်တာ။ အဲဒါကို စကစ ဘက်ကလဲ ပြန်ပစ်တာ။ သေနတ်သံတွေတော့ ညံသွားတယ်။

ပစ်ခတ်တာတွေပြီးတော့ နှစ်ဖက်ထိခိုက်တာရှိတယ်။ လာပစ်တဲ့အဖွဲ့ကတစ်ယောက်ကတော့ လမ်းမှာ ပုံလျက်သားကျနေတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လမ်းပိတ်စစ်ဆေးတာတွေ လုပ်ခဲ့သလို ကျိုက္ကော်၊ တောင်ကြား၊ ရွာကြားဘက်တွေမှာ ကင်းပုန်းချထား စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...