သထုံ ကျိုက္ကော်မှာ ပစ်ခတ်မှုဖြစ် ၊ ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံး

သထုံ ကျိုက္ကော်မှာ ပစ်ခတ်မှုဖြစ် ၊ ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံး

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် ပဲခူးစုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပြီး ၂ ဦးဒဏ်ရာရ ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့မနက်ပိုင်း ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၂ ဦးထိခိုက်ဒဏ်ရာရသလို ဆိုင်ကယ်နဲ့လာပစ်တဲ့ဘက်က ၁ ဦးသေဆုံးပြီး ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

"ဒီမနက်ပိုင်းမှာ ဆိုင်ကယ်နဲ့ပစ်တဲ့လူတွေက ဘာကြောင့်ရောက်နေတယ် မသိဘူး။ လှည့်ကင်းကားနဲ့တိုးပြီး ကားကိုပစ်တာ။ အဲဒါကို စကစ ဘက်ကလဲ ပြန်ပစ်တာ။ သေနတ်သံတွေတော့ ညံသွားတယ်။

ပစ်ခတ်တာတွေပြီးတော့ နှစ်ဖက်ထိခိုက်တာရှိတယ်။ လာပစ်တဲ့အဖွဲ့ကတစ်ယောက်ကတော့ လမ်းမှာ ပုံလျက်သားကျနေတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လမ်းပိတ်စစ်ဆေးတာတွေ လုပ်ခဲ့သလို ကျိုက္ကော်၊ တောင်ကြား၊ ရွာကြားဘက်တွေမှာ ကင်းပုန်းချထား စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...