စစ်တပ်အရာရှိတွေကို ဌာနဆိုင်ရာ အကြီးပိုင်းနေရာတွေမှာ ပြောင်းရွှေ့ တာဝန်ချလာ

စစ်တပ်အရာရှိတွေကို ဌာနဆိုင်ရာ အကြီးပိုင်းနေရာတွေမှာ ပြောင်းရွှေ့ တာဝန်ချလာ

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ စစ်တပ်ဘက်က အရာရှိတွေကို ဌာနဆိုင်ရာတွေရဲ့ အကြီးပိုင်းနေရာတွေမှာ ပြောင်းရွှေ့ တာဝန်ချလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ CDM လုပ်ဆောင်သွားတဲ့ ဌာနဆိုင်ရာတွေရဲ့ ဦးစီးအရာရှိကစပြီး အကြီးပိုင်းနေရာမှာ စစ်တပ်ဘက်က လူတွေကို ပြောင်းရွှေ့ တာဝန်ချထား ပေးနေတာပါ။

အဲလို ပြောင်းရွှေ့ တာဝန်ပေးရာမှာတော့ စစ်ကောင်စီက စစ်တပ်မှာ သတ်မှတ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ပြည့်မီတဲ့သူတွေနဲ့ ယုံကြည်စိတ်ချရတဲ့ တပ်ဖွဲ့ဝင် တွေကို ဌာနဆိုင်ရာရုံးတွေရဲ့ အကြီးပိုင်းနေရာမှာ တာဝန်ချပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဌာနဆိုင်ရာရုံးတွေရဲ့ လစ်လပ်နေရာတွေအတွက် စာရင်းတောင်းခံပြီးနောက် စစ်တပ်ဘက်က လူတွေကို ဌာနဆိုင်ရာရုံးတွေ တာဝန်ချပေးနေတာ ဖြစ်ပြီး၊ မွန်ပြည်နယ်မှာတော့ လက်ရှိအချိန်ထိ ၅၀ ထက်မနည်း ထည့်သွင်းထားပြီးလို့ ဆိုပါတယ်။

CDM အရာထမ်း ဝန်ထမ်း တစ်ဦးကတော့ စစ်ကောင်စီဟာ ဌာနဆိုင်ရာတွေကို ပိုမို ချုပ်ကိုင်နိုင်ဖို့အတွက် စစ်တပ်ဘက် လူတွေကို ထည့်သွင်းနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ပြောင်းရွှေ့တာဝန်ချထားပေးတဲ့သူတွေထဲမှာတော့ ဗိုလ်အဆင့်ကနေ ဗိုလ်မှူးကြီး အဆင့်ထိ ပါဝင်နေတာ ဖြစ်ပြီး သူတို့တွေဟာ တပ်လစာအပြင် အခုတာဝန်ထမ်းဆောင်နေတဲ့ လစာအတွက်ပါ ရရှိနေတဲ့အတွက်ကြောင့် နှစ်သီးစား ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ CDM ဝန်းထမ်းတွေက ဆိုပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...