မွန်က KTV တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ငွေကြေးအဆမတန် တောင်းခံနေ

မွန်က KTV တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ငွေကြေးအဆမတန် တောင်းခံနေ

မွန်ပြည်နယ်အတွင်းက KTV လုပ်ငန်းတွေမှာ စစ်ကောင်စီတပ်၊ ရဲ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ငွေကြေး အဆမတန် တောင်းခံလာတယ်လို့ KTV လုပ်ငန်းရှင်တွေက ပြောပါတယ်။

အဲလို တောင်းခံရာမှာ တစ်ပတ်ကို အနည်ဆုံး ကျပ် ၂ သိန်းကနေ ၅ သိန်းလောက်ထိ ပေးဆောင်ရတာ ဖြစ်ပါတယ်။

ငွေကြေးပေးဆောင်ရာမှာတော့ အရင်က ရဲနဲ့ ထွေအုပ်တွေသာ ပေးဆောင်ခဲ့ရပြီး အခုနောက်ပိုင်းမှာ စစ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးကိုပါ တောင်းတိုင်း ပေးနေရတဲ့အတွက်ကြောင့် အခက်အခဲ ရှိလာတယ်လို့ KTV လုပ်ငန်းရှင် တစ်ဦးကတော့ ဆိုပါတယ်။

လိုင်ကြေး ပုံမှန်မပေးရင် ဆိုင်တွေ ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်တာတွေ ရှိသလို ပြည့်တန်ဆာ လုပ်ငန်းဖွင့်လှစ်နေတယ်လို့ ဆိုပြီး အထက်ကို တင်ပြကာ ဥပဒေအရ အရေးယူခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေတာပါ။

ဒါအပြင် စစ်ကောင်စီရဲ့ တပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းတချို့ဟာ ညအချိန်မတော် KTV ဆိုင်သို့ မကြာခဏ လာရောက်ကြပြီး၊ ကုန်ကျ စရိတ်တွေ မပေးတဲ့အပြင် နံနက် မိုးမလင်းခင်အချိန်ထိ သောက်စားပျော်ပါးပြီးမှ ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်ပြီးနောက် ကြက်ဝိုင်းနဲ့ တခြားလောင်းကစားဝိုင်းတွေကို တပ်၊ ရဲ၊ ထွေအုပ်စာရေးနဲ့အုပ်ချုပ်ရေးမှူးတွေက လိုင်းကြေးငွေရယူပြီး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေ ဆိုကြပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...