သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

သံဖြူဇရပ်မြို့နယ် YMBA အတွင်းရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာမှာ ဇန်နဝါရီ ၁၇ရက်‌‌နေ့ ညပိုင်းက မြို့နယ် YMBA အသင်း အတွင်းရေးမှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ ည ၇ နာရီကျော်မှာ ကျေးရွာအတွင်းရှိ စားသောက်ဆိုင်တစ်ခုမှာ ကျုံကဒတ်ကျေးရွာ ပဒုမ္မာလမ်းနေ ဦးဌေးအောင်(YMBA)အတွင်းရေးမှူးရှိနေစဉ် အမည်မသိ သေနတ်သမား ၂ ဦးက ဝင်ရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးဌေးအောင်မှာ သေနတ်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

"ဖြစ်တဲ့နေရာက အရက်ဆိုင်မှာပါ၊ သူက နည်းနည်းပါးပါး သောက်တက်တယ်၊ အဲဒီမှာ သူရှိနေတဲ့အချိန် ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ဝင်ပစ်သွားတာ။ ဖြစ်စဉ်နေရာမှာ သေသွားတယ်လို့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဦးဌေးအောင်သေနတ်နဲ့ပတ်သတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ကာ အလောင်းကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဦးဌေးအောင်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားတိုးတက်ရေးပါတီကနေ သံဖြူ ဇရပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...