ကေအဲန်ယူ ထားဝယ် ဆက်ဆံရေးရုံးတာဝန်ခံ ခရိုင်ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရ

ကေအဲန်ယူ ထားဝယ် ဆက်ဆံရေးရုံးတာဝန်ခံ ခရိုင်ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၏ (၁၉)ကြိမ်မြောက် ဘိတ်-ထားဝယ်ခရိုင် (တပ်မဟာ-၄) ကွန်ဂရက်အစည်းအဝေး၏ ရွေးကောက်ပွဲ၌ ခရိုင်ဥက္ကဌနေရာကို ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံလည်းဖြစ်သူ ခရိုင်တွဲဘက်အတွင်းရေးမှူး  ပဒိုစောဖလိုစိုးဝင်းကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။

အဆိုပါ(၁၉)ကြိမ်မြောက်ကွန်ဂရက်ကို ဘိတ်ထားဝယ်ခရိုင်၏ ဌာနချုပ်ရှိရာ အမလာတွင် ဇန်နဝါရီလ ၁၁ရက်နေ့မှ ၁၅)ရက်နေ့အထိ ကျင်းပပြီး မြို့နယ်(၄)မြို့နယ်ရှိ ကိုယ်စားလှယ်များနှင့် အထူးဒေသ(၂)ခုမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၉၃)ဦး တက်ရောက်ခဲ့ကြသည်။

ကွန်ဂရက်၌ ရွေးချယ်ခဲ့သည့် ကြီးလေးကြီးထဲတွင် ခရိုင်ဥက္ကဌအဖြစ် ပဒိုစောဖလိုစိုးဝင်း၊ ဒုဥက္ကဌ ဗိုလ်ချုပ်စောမူလာ၊ အတွင်းရေးမှူး ပဒိုစောအယ်နာ၊ တွဲဖက် အတွင်းရေးမှူး ပဒိုစောဘိုဘိုးခင်မောင်အပြင် ခရိုင်တရားသူကြီးချုပ်အဖြစ် ပဒိုစောသူးယယ်ကိုလည်း ရွေးကောက် တင်မြှောက်ခဲ့ကြောင်းသိရသည်။

ဘိတ်-ထားဝယ်ခရိုင် ကော်မတီဝင်များ ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက "အခုတက်လာတဲ့ ခရိုင်ဥက္ကဌကတော့ တော်တယ်။ ပြီးတော့ ကျန်းမာရေးလည်း ကောင်းတယ်။ သူအရင်တုန်းက ဆက်ဆံရေးရုံးမှာ တာဝန်ယူတယ်ဆိုတော့ ဆက်ဆံရေးအပိုင်းမှာလည်း တော်တယ်။ အတွင်းရေးမှူးတို့ဆိုရင်လည်း တော်တယ်၊ လုပ်နိုင်တယ်။ တွဲဖက်အတွင်းရေးမှူးဆိုရင်လည်း ပညာတတ်တဲ့အထဲမှာ ပါတယ်။ အခုချိန်မှာ ပြောနိုင်ဆိုနိုင်တဲ့လူမှ ကိုက်ညီတယ်လေ။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ငါးရက်တာ ကျင်းပပြုလုပ်သည့် ဘိတ်-ထားဝယ်ခရိုင်ကွန်ဂရက်တွင် ခရိုင်အတွင်းရှိ သက်ဆိုင်ရာ ဌာနအသီးသီးမှ ခေါင်းဆောင်များကိုလည်း ရွေးကောက်တင်မြှောက်သည့်အပြင် ခရိုင်၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် များကိုလည်း ရေးဆွဲချမှတ်ခဲ့ကြောင်း သိရသည်။

KNU ဘိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်(ထားဝယ်)၊ ကစယ်ဒိုမြို့နယ်၊ လယ်မူလား(ပုလော)မြို့နယ်နှင့် တနောသရီ(တနင်္သာရီ) စသည့်မြို့နယ် ၄မြို့နယ်အပြင် ထီးမိုပွာအထူးဒေသနှင့် လေညာ-ဘုတ်ပြင်း အထူးဒေသနှစ်ခုဖြင့် ဖွဲ့စည်း ထားသည်။ KNU ၏ ဖွဲ့စည်းပုံအရ ဗဟိုအဆင့်နှင့် ခရိုင်အဆင့် ကွန်ဂရက်နှင့် ခရိုင်ဦးဆောင်ကော်မတီ ရွေးကောက်တင်မြှောက်ခြင်းကို ၄နှစ်တစ်ကြိမ် ကျင်းပခဲ့ကြသည်။

ခရိုင်အဆင့် ကွန်ဂရက်နှင့် ရွေးကောက်ပွဲကို ကေအဲန်ယူ၏ ဖွဲပစည်းပုံအရ (၄)နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိရာ ပြီးခဲ့သည့် သက်တမ်းက ခရိုင်ဥက္ကဌအဖြစ် ပဒိုစောဆာပိတုက တာဝန်ထမ်းဆောင်ခဲ့သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...