မြန်မာနိုင်ငံမှာ ကိုဗစ်ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါပိုးကူးစက်ခံရသူ တစ်ရာကျော် ရှိလာပြီးလို့ ဇန်နဝါရီ ၁၇ ရက် ညပိုင်းမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ထုတ်ပြန်ချက်မှာဆိုရင် ဒီကနေ့တစ်ရက်တည်း ပြည်ပနိုင်ငံကနေ ဝင်လာတဲ့ နိုင်ငံသား ၃၆ ဦးနဲ့ နိုင်ငံခြားသား ၆ ဦးတို့မှာ အိုမီခရွန်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့အတွက် ယခင်ပိုးတွေ့ထားသူနဲ့ ပေါင်းလိုက်ရင် ၁၁၈ ဦး ကူးစက်ခံထားရပြီးဖြစ်ပါတယ်။
ဒါဟာ အိုမီခရွန်ဗီဇပြောင်း ပိုးစတင်တွေ့ရှိခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ၃ ပတ်တာကာလဝန်းကျင်အတွင်း နိုင်ငံမှာ ကူးစက်ခံရတဲ့အရေအတွက်ဖြစ်ပါတယ်။
အဲဒီအထဲမှာ နိုင်ငံသား ၁၀၃ ဦးနဲ့ နိုင်ငံခြားသား ၁၅ ဦးကူးစက်ခံခဲ့ရပြီး ယူအေအီ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်တို့အပြင် အိန္ဒိယကနေ ပြန်ဝင်လာတဲ့သူတွေထံ အများဆုံးစစ်ဆေးတွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက ဒယ်လ်တာဗီဇ ထက် ပြင်းထန်လက္ခဏာများကို မဖြစ်ပေါ် စေသော်လည်း ကာကွယ်ဆေးမထိုးနှံသေးသူများအတွက် အန္တရာယ် ရှိသော ဗိုင်းရပ်စ်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ တာဝန်ရှိသူတွေ ပြောဆိုထားပါတယ်။







