တိုက်ပွဲတွေကြောင့် ရှမ်းပြည်စစ်ရှောင်တစ်သောင်းငါးထောင်ရှိ

တိုက်ပွဲတွေကြောင့် ရှမ်းပြည်စစ်ရှောင်တစ်သောင်းငါးထောင်ရှိ

၂၀၂၁ ခုနှစ်အတွင်းမှာ ရှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ RCSS/SSA  နဲ့ SSPP/SSA , TNAL တပ်ပေါင်းစု တိုက်ပွဲတွေကြောင့် နယ်မြေအသီးသီးမှ စစ်ရှောင်  စုစုပေါင်း တစ်သောင်းငါးထောင်ရှိနေကြောင်း  ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းက ပြုစုထားတဲ့ အချက်အလက်အရ သိရပါတယ်။

ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  စစ်ရှောင် လေးထောင်နီးပါး ပြန်တိုးလာခဲ့တယ်လို့ဆိုပါတယ်။

မိုင်းကိုင်မြို့ က ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းကို ကျေးရွာအုပ်စု (၅) အုပ်စုမှ ကျေးရွာ (၂၁)ရွာက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။

တိမ်းရှောင်နေရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေး စုစုပေါင်း သုံးထောင့်ငါးရာကျော်ရှိနေတာလည်းဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်သူတွေကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ဖို့အတွက် အနွေးထည် ၊  စောင်တွေ နဲ့  စားနပ်ရိက္ခာတွေ  လိုအပ်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ကျောက်မဲ -သီပေါမြို့တို့မှာလည်း တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...