မြန်မာနိုင်ငံမှာ အိုမီခရွန်ကူးစက်သူ (၇၆)ဦးခန့်ရှိလာ

မြန်မာနိုင်ငံမှာ အိုမီခရွန်ကူးစက်သူ (၇၆)ဦးခန့်ရှိလာ
ကိုသိန်း (ကိုဗစ်ရောဂါတတိယလှိုင်းအတွင်း ကွယ်လွန်သူကို သဂြိုလ်ရန်ပြင်ဆင်နေသည့်ပုံ
ကိုသိန်း (ကိုဗစ်ရောဂါတတိယလှိုင်းအတွင်း ကွယ်လွန်သူကို သဂြိုလ်ရန်ပြင်ဆင်နေသည့်ပုံ

အာဏာသိမ်းစစ်အုပ်စုရဲ့ ကျန်းမာရေးဌာနက မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါကူးစက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့ညက ထုတ်ပြန်ချက်အရ စုစုပေါင်း (၇၆)ဦးခန့်အထိ ရှိလာပြီဟု သိရသည်။

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကိုဇန်နဝါရီလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့က စစ်ဆေးချက်အရ ရောဂါဖြစ်ပွားသူ (၁၀)ဦးခန့် ရှိခဲ့ကြောင်း အတည်ပြုချက် ထပ်မံထုတ်ပြန်ခဲ့သည်။

အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများမှာ ဒီဇင်ဘာ (၂၈) မှာထုတ်ပြန်ချက်အရ (၄)ဦး၊ ဇန်နဝါရီ (၇)ရက်နေ့ ထုတ်ပြန်ချက်အရ (၁၂)ဦး၊ ဇန်နဝါရီ (၁၁) ထုတ်ပြန်ချက်အရ (၃)ဦး၊ ဇန်နဝါရီ (၁၂) ထုတ်ပြန်ချက်အရ (၂)ဦး၊ ဇန်နဝါရီ (၁၃)ထုတ်ပြန်ချက်အရ (၄၂)ဦး၊ ဇန်နဝါရီ (၁၄)ထုတ်ပြန်ချက်အရ (၃)ဦးနှင့် ဇန်နဝါရီလ (၁၅)ထုတ်ပြန်ချက်အရ (၁၀)ဦးတို့ဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

စာရင်းအရ ဇန်နဝါရီလ (၁၁)ရက်နေ့မှစပြီး နေ့စဉ်ရက်ဆက် အိုမီခရွန်ရောဂါပိုးတွေ့ရှိနေသည်ကို တွေ့ရှိရသည်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...