အာဏာသိမ်းစစ်အုပ်စုရဲ့ ကျန်းမာရေးဌာနက မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါကူးစက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့ညက ထုတ်ပြန်ချက်အရ စုစုပေါင်း (၇၆)ဦးခန့်အထိ ရှိလာပြီဟု သိရသည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကိုဇန်နဝါရီလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့က စစ်ဆေးချက်အရ ရောဂါဖြစ်ပွားသူ (၁၀)ဦးခန့် ရှိခဲ့ကြောင်း အတည်ပြုချက် ထပ်မံထုတ်ပြန်ခဲ့သည်။
အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများမှာ ဒီဇင်ဘာ (၂၈) မှာထုတ်ပြန်ချက်အရ (၄)ဦး၊ ဇန်နဝါရီ (၇)ရက်နေ့ ထုတ်ပြန်ချက်အရ (၁၂)ဦး၊ ဇန်နဝါရီ (၁၁) ထုတ်ပြန်ချက်အရ (၃)ဦး၊ ဇန်နဝါရီ (၁၂) ထုတ်ပြန်ချက်အရ (၂)ဦး၊ ဇန်နဝါရီ (၁၃)ထုတ်ပြန်ချက်အရ (၄၂)ဦး၊ ဇန်နဝါရီ (၁၄)ထုတ်ပြန်ချက်အရ (၃)ဦးနှင့် ဇန်နဝါရီလ (၁၅)ထုတ်ပြန်ချက်အရ (၁၀)ဦးတို့ဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
စာရင်းအရ ဇန်နဝါရီလ (၁၁)ရက်နေ့မှစပြီး နေ့စဉ်ရက်ဆက် အိုမီခရွန်ရောဂါပိုးတွေ့ရှိနေသည်ကို တွေ့ရှိရသည်။







