မြဝတီ ကွမ်းခြံကွေ့အနီးမှာ ဂတ်စ်တင်ကားတွေပစ်ခံရ ၊၁ စီးမီးလောင်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံးဟုဆို

မြဝတီ ကွမ်းခြံကွေ့အနီးမှာ ဂတ်စ်တင်ကားတွေပစ်ခံရ ၊၁ စီးမီးလောင်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံးဟုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကော့ကရိတ်ဘက်အသွား ကွမ်းခြံကွေ့အနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ဂတ်စ် တင်ဆောင်လာတဲ့ ကားတွေ အပစ်ခံရပြီး ကား ၁ စီးမီးလောင်ကာ ယာဉ်မောင်း ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်မှာ မြဝတီကနေ ကော့ကရိတ်ဘက်ကို ထွက်ခွာလာတဲ့ ဂတ်စ်တင်ကားတွေကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရတာကြောင့် ကားတစ်စီးမီးလောင်ပြီး နောက်ကားတစ်စီးမှာ ဂတ်စ်တွေ ယိုစိမ့်မှုဖြစ်ခဲ့ကာ ယာဉ်မောင်းဖြစ်သူက သေနတ်မှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“မြဝတီကနေ ထွက်လာတာ ကား ၃ စီးလို့ သိရတယ်။ အပစ်ခံရတော့ ၁ စီးက မီးလောင်သွားတယ်။ နောက်တစ်စီးကတော့ ထိသွားပေမယ့် မီးမလောင်ဘူး။ မီးမလောင်တဲ့ကားက ယာဉ်မောင်းသေတယ်လို့တော့ သိရတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဂတ်စ်တင်ကားတွေ ပစ်ခံရပြီးနောက် မီးငြိမ်းသတ်ရန်လာတဲ့ မီးသတ်ကားတစ်စီးပါ ထပ်မံပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ကားရှေ့လေကာမှန် ကြေမွသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ညကလည်း ကော့ကရိတ်တောင်ပိုင်း အာရှလမ်း ဒေါနတောင်ခြေနားမှာ သြရကုမ္ပဏီပိုင် Gass ကားတစ်စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီးခဲ့သေးတာဖြစ်ပါတယ်။

Most read this week

Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...