မြဝတီ ကွမ်းခြံကွေ့အနီးမှာ ဂတ်စ်တင်ကားတွေပစ်ခံရ ၊၁ စီးမီးလောင်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံးဟုဆို

မြဝတီ ကွမ်းခြံကွေ့အနီးမှာ ဂတ်စ်တင်ကားတွေပစ်ခံရ ၊၁ စီးမီးလောင်ပြီး ယာဉ်မောင်းတစ်ဦး သေဆုံးဟုဆို

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကော့ကရိတ်ဘက်အသွား ကွမ်းခြံကွေ့အနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ ဂတ်စ် တင်ဆောင်လာတဲ့ ကားတွေ အပစ်ခံရပြီး ကား ၁ စီးမီးလောင်ကာ ယာဉ်မောင်း ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့နေ့လည် ၁ နာရီကျော်ခန့်မှာ မြဝတီကနေ ကော့ကရိတ်ဘက်ကို ထွက်ခွာလာတဲ့ ဂတ်စ်တင်ကားတွေကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်ခံရတာကြောင့် ကားတစ်စီးမီးလောင်ပြီး နောက်ကားတစ်စီးမှာ ဂတ်စ်တွေ ယိုစိမ့်မှုဖြစ်ခဲ့ကာ ယာဉ်မောင်းဖြစ်သူက သေနတ်မှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“မြဝတီကနေ ထွက်လာတာ ကား ၃ စီးလို့ သိရတယ်။ အပစ်ခံရတော့ ၁ စီးက မီးလောင်သွားတယ်။ နောက်တစ်စီးကတော့ ထိသွားပေမယ့် မီးမလောင်ဘူး။ မီးမလောင်တဲ့ကားက ယာဉ်မောင်းသေတယ်လို့တော့ သိရတယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဂတ်စ်တင်ကားတွေ ပစ်ခံရပြီးနောက် မီးငြိမ်းသတ်ရန်လာတဲ့ မီးသတ်ကားတစ်စီးပါ ထပ်မံပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ကားရှေ့လေကာမှန် ကြေမွသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ညကလည်း ကော့ကရိတ်တောင်ပိုင်း အာရှလမ်း ဒေါနတောင်ခြေနားမှာ သြရကုမ္ပဏီပိုင် Gass ကားတစ်စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီးခဲ့သေးတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...