ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၉ ဦးသေဆုံး

ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၉ ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့်  စစ်ကောင်စီတပ်များသည် ဇန္နဝါရီလ ၁၄ ရက် မနက် ၃ နာရီအချိန်ခန့်တွင် မွှန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား CNDF မှ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် (၅) ဦး သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်သည်။

ထို့နောက် ယနေ့ ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါ ဗားရ်စခန်းမှ ပြန်လည်ထွက်ခွာလာကြရာ ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် CNDF နှင့် နံနက် ၁၀ နာရီအချိန်ခန့်မှ ညေန ၅ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ပါသည်။

အဆိုပါတိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိပါသည်ဟုသိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဖက်မှ ချင်းပြည်နယ်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်အား CNDF အပါအဝင် CNA, CDF-KKG, Zoland-PDF, CDM ပူးပေါင်းတပ်များနှင့်အတူ တီးတိန်မြို့နယ်၊ ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းပါ အသုံးပြုပြီး ပစ်ခတ်ခဲ့သည်။

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖလမ်း - ကေလး လမ်းမကြီးနှင့် ဖလမ်း - ဝေဘူလ လမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်ဟု CNDF က ထုတ်ပြန်ထားသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...