မော်လမြိုင်၊ ရေး၊ ထားဝယ် ပင်လယ်ကမ်းခြေမီးရထားလမ်း အကောင်အထည်ဖော်နေဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မော်လမြိုင်၊ ရေး၊ ထားဝယ် ပင်လယ်ကမ်းခြေမီးရထားလမ်း အကောင်အထည်ဖော်နေဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
ထိုင်ဝမ်နိုင်ငံက ကမ်းခြေရထားလမ်းပုံ (YAS Blog)
ထိုင်ဝမ်နိုင်ငံက ကမ်းခြေရထားလမ်းပုံ (YAS Blog)

မော်လမြိုင်မြို့မှ တဆင့် ရေးမြို့ ယင်းမှ တဆင့် ထားဝယ်မြို့တို့ ဆက်စပ်နေသည့် ကမ်းခြေတလျှောက် ပင်လယ်ကမ်းခြေမီးရထားလမ်းကြောင်းကို စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်နေပြီဟု ထားဝယ်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်မြို့တလျှောက် ကမ်းခြေ ရေကြောင်းလမ်း ခရီးစဉ်များ ပြေးဆွဲရေးကိုလည်း အကောင်အထည်ဖော်နေကြောင်းထပ်မံပြောဆိုခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်အုပ်စုက မော်လမြိုင်မြို့အနီးမှာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁)ခုကို တည်ဆောက်ဖို့ စီမံကိန်းအကောင်အထည်ဖော်ရေး ကြိးကြပ်မှု ဗဟိုကော်မတီတရပ်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ဖွဲ့စည်းထားခဲ့ပြီး ယခုအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ပြောကြားခဲ့သည့် ပင်လယ်ကမ်းခြေမီးရထားလမ်း စီမံကိန်းနှင့် ပတ်သက်ခြင်းရှိ/မရှိကိုမူ မသိရသေးပေ။

မြဝတီနှင့် ကော့ကရိတ်ဒေသတဝိုက်မှာဖြစ်ပွားနေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ ထိုးစစ်တွေကြောင့် ထိုင်းနိုင်ငံကဝင်လာတဲ့ ကုန်စည်တွေ ပိတ်ဆို့နေပြီး ဈေးနှုန်းကြီးမြင့်မှုတွေကို ပြည်သူတွေက လက်ရှိမှာ ခံစားနေရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လျှပ်စစ်ကား၊ မိုးပျံလျှပ်စစ်ရထားတို့ကို ဆောက်လုပ်မည်ဟုကြွေးကြော်ခဲ့သော်လည်း လက်ရှိမှာတော့ နိုင်ငံအဝှမ်းလျှပ်စစ်ပြတ်တောက်မှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနကပင် ဝန်ခံထားရပါတယ်။

ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...
April 21, 2026
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီတွေကို ဘားကုတ်စနစ်နဲ့ အမြန်ဆုံး...
April 20, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...