စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အမြန်ဆုံး အရေးယူနိုင်ဖို့ ကြိုးပမ်းနေသည်ဟု NUG ထုတ်ပြန်

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု အမြန်ဆုံး အရေးယူနိုင်ဖို့ ကြိုးပမ်းနေသည်ဟု NUG ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာဏသိမ်း စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့နယ်၊ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် လူသားချင်းစာနာ ထောက်ထားမှု ကင်းမဲ့သော ဆိုးဝါးပြင်းထန်လှတဲ့ ‌‌ လေကြောင်းဖြင့် အင်အားသုံး တိုက်ခိုက်မှုတွေကြောင့် ထောင်ပေါင်းများစွာသော ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ အာဏာတည်မြဲရေး တစ်ခုတည်းကိုသာ ရှေးရှုပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ နယ်မြေဒေသတွေအပေါ် မြို့လုံးကျွတ်၊ ရွာလုံးကျွတ်နီးပါး ထိခိုက် ပျက်စီးစေတဲ့အထိ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ စံနှုန်း၊ ကျင့်ဝတ်၊ ဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေတယ်လို့ NUG က ဆိုထားပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအပေါ် စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်နေတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...