ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ ဆွေမျိုးတော်တွေရဲ့နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးခဲ့

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ ဆွေမျိုးတော်တွေရဲ့နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးခဲ့

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ ဆွေမျိုးတော်နေအိမ်ကို စစ်ကောင်စီတပ်တွေက PDF တွေကို ရှာဖွေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ဆီးခဲ့တယ်လို့ ၎င်းတို့ရဲ့ ဆွေမျိုးတော်စပ်သူတွေဆီကနေ သိရပါတယ်။

ဝန်းသိုမြို့ ဥယျာဉ်တော်ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို အခုဇန်နဝါရီလထဲ မကြာသေးခင်ရက်ပိုင်းက ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 အဲ့ဒီအိမ်မှာ ရှိသူတွေထဲမှ ယောကျာ်းသားနှစ်ဦးက ဝန်းသိုမြို့ PDF အဖွဲ့ဝင်တွေဖြစ်တာကြောင့်လို့ စစ်ကောင်စီတပ်တွေက သွားရှာဖွေတာဖြစ်တယ်လို့ သိရပါတယ်။

ဝင်ရောက်ဖျက်ဆီးမှုတွေကြောင့် နေအိမ်အတွင်းက ပရိဘောဂပစ္စည်းများ ၊ တံခါးများ ၊ အဝတ်အစားထည့်တဲ့ ပုံးတွေနဲ့ ဗီယိုတွေ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဒီလုပ်ရပ်ကြောင့် အဲ့မှာရှိတဲ့ စော်ဘွားရဲ့ ဆွေမျိုးတော်တွေက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဝန်းသိုစော်ဘွားစဝ်အောင်မြတ်က ရှမ်းနီစော်ဘွားတစ်ဦးဖြစ်ပြီးတော့ အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပြီးနောက် ပထမဆုံး အင်္ဂလိပ်တွေကို တိုက်ခိုက်ခဲ့တဲ့ စော်ဘွားတစ်ဦးလည်းဖြစ်ပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...