ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ ဆွေမျိုးတော်တွေရဲ့နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးခဲ့

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ ဆွေမျိုးတော်တွေရဲ့နေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးခဲ့

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ ဆွေမျိုးတော်နေအိမ်ကို စစ်ကောင်စီတပ်တွေက PDF တွေကို ရှာဖွေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ဆီးခဲ့တယ်လို့ ၎င်းတို့ရဲ့ ဆွေမျိုးတော်စပ်သူတွေဆီကနေ သိရပါတယ်။

ဝန်းသိုမြို့ ဥယျာဉ်တော်ရပ်ကွက်မှာရှိတဲ့ နေအိမ်ကို အခုဇန်နဝါရီလထဲ မကြာသေးခင်ရက်ပိုင်းက ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 အဲ့ဒီအိမ်မှာ ရှိသူတွေထဲမှ ယောကျာ်းသားနှစ်ဦးက ဝန်းသိုမြို့ PDF အဖွဲ့ဝင်တွေဖြစ်တာကြောင့်လို့ စစ်ကောင်စီတပ်တွေက သွားရှာဖွေတာဖြစ်တယ်လို့ သိရပါတယ်။

ဝင်ရောက်ဖျက်ဆီးမှုတွေကြောင့် နေအိမ်အတွင်းက ပရိဘောဂပစ္စည်းများ ၊ တံခါးများ ၊ အဝတ်အစားထည့်တဲ့ ပုံးတွေနဲ့ ဗီယိုတွေ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဒီလုပ်ရပ်ကြောင့် အဲ့မှာရှိတဲ့ စော်ဘွားရဲ့ ဆွေမျိုးတော်တွေက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဝန်းသိုစော်ဘွားစဝ်အောင်မြတ်က ရှမ်းနီစော်ဘွားတစ်ဦးဖြစ်ပြီးတော့ အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပြီးနောက် ပထမဆုံး အင်္ဂလိပ်တွေကို တိုက်ခိုက်ခဲ့တဲ့ စော်ဘွားတစ်ဦးလည်းဖြစ်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...