ဘီးလင်းက စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် အကူအညီတွေ လိုအပ်နေ

ဘီးလင်းက စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် အကူအညီတွေ လိုအပ်နေ

ဘီးလင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ KUN သထုံခရိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်က စတင်ပြီး စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နဲ့KNLA တပ်မဟာ(၁)တို့ အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် ကျသောင်းဆိပ်ကျေးရွာက ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီလအတွင်းမှာ နှစ်ဖက်တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကုန်းရွာ၊ ထော်ကလော်ထာ့၊ ပျဉ်းမပင်ဆိပ်၊ ထီးဖားဒိုးခီးအပါအဝင် ကျေးရွာအချို့က ဒေသခံ ၁၀၀၀ ကျော် ထပ်မံထွက်ပြေးနေရတာပါ။

စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေအပြင် ဆွေမျိုးများရှိရာ သထုံမြို့နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပြီး၊ လက်ရှိမှာတော့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ အနွေးထည်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းကို KNLA တပ်မဟာ(၁)ဘက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေ အင်အား ၇၀ ခန့် ကျသောင်းဆိပ်တပ်စခန်းသို့ ပြန်လည်ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့အတွက်ကြောင့် နှစ်ဖက်တိုက်ပွဲ ထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...