မြန်မာနိုင်ငံက ပဋိပက္ခအတွင်း ကလေးများသေဆုံးမှုကို UNICEF ရှုံ့ချ

မြန်မာနိုင်ငံက ပဋိပက္ခအတွင်း ကလေးများသေဆုံးမှုကို UNICEF ရှုံ့ချ

မြန်မာနိုင်ငံက ပဋိပက္ခအတွင်း ကလေးများသေဆုံးမှုက ယခုဆိုရင် (၈) ဦးထိရှိလာပြီဖြစ်ကြောင်း ယူနီဆက်က ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ပဋိပက္ခအတွင်း ကလေးငယ်များ သေဆုံးမှုကို ယူနီဆက်က ရှုံ့ချကြောင်းကို သတင်းထုတ်ပြန်ချက်တစ်ရပ် ဒီနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

“UNICEF က မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အထူးစိုးရိမ်မိပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ အသုံးပြုခြင်းတို့ကို ရှုတ်ချပါတယ်။ နိုင်ငံတဝှမ်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပွားခဲ့တဲ့ ကလေးသူငယ်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် အထူး ဒေါသထွက်မိပါတယ်။” လို့ အရှေ့အာရှပစိဖိတ်ဒေသ ယူနီဆက် ဒါရိုက်တာ ဒီပိုရာကိုမီနီ က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ နဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချက်တွေကို လေးစားဖို့လိုအပ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ယူနီဆက်ထုတ်ပြန်ချက်တွေထဲမှာ သေဆုံးတဲ့ ကလေးငယ်တွေထဲမှာ   အသက်အငယ်ဆုံး ( ၁) နှစ် နဲ့ အကြီးဆုံး ၁၇ နှစ်တို့ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက မတူပီမြို့နယ်က အသက် (၁၃) နှစ်အရွယ်  တစ်ဦးသတ်ဖြတ်ခံရမှု ၊ လွိုင်ကော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်  လက်နက်ကြီးထိမှန်လို့ အသက် (၁၂) နှစ်  တစ်ဦး နဲ့ (၁၆) နှစ်အရွယ် နှစ်ဦး တို့ပါဝင်ပါတယ်။

ယူနီဆက်က ဒီဖြစ်ရပ်တွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့လည်းရှိနေတဲ့အကြောင်း ပြောဆိုထားပါတယ်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...