မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်း ကျင်းပသွားမည်

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်း ကျင်းပသွားမည်

လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်မယ့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို နေရာပြောင်းကျင်းပသွားမယ်လို့ အမျိုးသားနေ့ကျင်းပရေးကော်မတီ(ဗဟို)က ထုတ်ပြန်ပါတယ်။

မွန်အမျိုးသားနေ့ကို ကနဦးက ပြည်နယ်ခန်းမမှာ ကျင်းပသွားဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ မော်လမြိုင်မြို့ရှိ ရာမညရဌ ဗုဒ္ဓတက္ကသိုလ်မှာ ပြောင်းလဲကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မွန်အမျိုးသားနေ့ကို အနှစ်သာရရှိရှိနဲ့ ပိုမိုကျယ်ပြန့်စွာ ကျင်းပနိုင်ဖို့ အပါအဝင် ကော်မတီအနေနဲ့ စီမံခန့်ခွဲမှုဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူစေဖို့ နေရာပြောင်းပြီး ကျင်းပရတာ ဖြစ်တယ်လို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဗဟို ဒုဥက္ကဌ (၁) မင်းအောင်ထူးက ပြောပါတယ်။

ဒီနှစ်မှာ ကျရောက်မယ့် ၇၅ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာတော့ ပြီးခဲ့တဲ့နှစ်တွေ နည်းတူ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ သဝဏ်လွှာအသီးသီးကို ဖတ်ကြားသွားဖို့ စီစဉ်ထားသလို အဆို ၊အက၊အတီးတွေကလည်း ထည့်သွင်းကျင်းပသွားဖို့ ရှိနေတာပါ။

ဟံသာဝတီပြည်ကို တည်ထောက်ခဲ့တဲ့ နေ့ကိုအစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ မွန်အမျိုးသားနေ့ကို မွန်လူမျိုးတွေ နေထိုင်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ကျေးရွာအဆင့်၊မြို့နယ်အဆင့်၊ဗဟိုအဆင့်တို့ဖြင့် နှစ်စဉ်ကျင်းပလာကြတာ ဖြစ်ပါတယ်။

၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မော်လမြိုင်မြို့က မွန်ဓမ္မာရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...