ဘီးလင်းမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရ၊ ကား ၂ စီးပျက်စီးပြီး ၃ ဦးခန့် ဒဏ်ရာရ

ဘီးလင်းမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း တိုက်ခိုက်ခံရ၊ ကား ၂ စီးပျက်စီးပြီး ၃ ဦးခန့် ဒဏ်ရာရ

ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနဲ့သပြေနီကျေးရွာအကြားနဂါးလိန်ကွေ့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရိက္ခာတင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား ၂ စီးထိခိုက်ပျက်စီးကာ ၃ ဦးခန့် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့မနက်ပိုင်း ၈ နာရီကျော်ခန့်မှာ သထုံဘက်မှ ကျိုက်ထိုဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီရိက္ခာတင် ကား အစီး ၂၀ ခန့်ကို ဘီးလင်း PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ရိက္ခာတင် ကား ၂ စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီ ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

"ပစ္စည်းတွေ တင်လာတဲ့ စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ ပေါက်ကွဲသံက အကျယ်ကြီးဘဲ။ ကား ၂ စီးကတော့ ကြေသွးတယ်။ လူတွေလဲ ထိခိုက်တယ်။ ပြီးတော့ သူတို့ကားတွေ ပြန်ထွက်သွားတာတော့ ကားတန်းဖြတ်လို့ တွေ့လိုက်တယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အနီးဝန်းကျင်ကို ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး အနီးမှာ စစ်ကောင်စီကားတန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...