ပုလောတိုက်ပွဲမှာ စစ်ကောင်စီဘက် ၄ ဦး သေဆုံး၊ နေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံရ

ပုလောတိုက်ပွဲမှာ စစ်ကောင်စီဘက် ၄ ဦး သေဆုံး၊ နေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံရ

ပုလောမြို့နယ် ကေအဲန်ယူ-တပ်မဟာ (၄)ထိန်းချုပ်နယ်မြေကျေးရွာထဲကို ဇန်နဝါရီ ၈ ရက် ညပိုင်းမှာ စစ်ကြောင်း ၂ ခုဖြင့် ထိုးစစ်ဆင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ လေးဦးသေဆုံးခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေ ပဝတ်ဖျားရွာနဲ့ ကဗျာရွာကို အင်အား ၂၀၀ ရှိတဲ့ စစ်ကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-Palaw)၊ KNU ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

" မနေ့ည ၇ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်က KNU နယ်မြေဖြစ်တဲ့ ပဝတ်ဖျားရွာနဲ့ ကဗျာရွာထဲ စစ်ကြောင်းထိုးလာလို့ ပစ်ခတ်မှုဖြစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ လည်း တောက်လျောက်ပစ်တာ၊ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ခုခံပစ်ခတ်ရင်းနဲ့ သူတို့စစ်ကြောင်းကို ပဝတ်ဖျားရွာမှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာ လေးဦးက အဲမှာ သေတယ်၊ ၂၀ ဝန်းကျင်လောက် ဒဏ်ရာပြင်းထန်ရသွားတယ် "လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တဲ့ စစ်ကောင်စီတပ်က ချက်ချင်း ဆုတ်ခွာသွားပြီး ပဝတ်ဖျားရွာအတွင်း သေနတ်ပစ်ဖောက်ခဲ့ကာ နေအိမ် ၅ လုံးကို အကြောင်းပြချက်မရှိဘဲ မီးရှို့ဖျက်ဆီးခဲ့တာပါ။

အဲတိုက်ပွဲအတွင်း PDF ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသူ လေးဦးအပြင် ပြင်းထန်ဒဏ်ရာရရှိခဲ့ ၂၀ ဦးအနက် ၈ ဦးမှာ အရေးပေါ်ကုသနေရတာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ရွာသားတွေကို စစ်ရှောင်စခန်းတွေဆီ ယာယီရွေ့ပြောင်းပေးထားတယ်လို့ ဆိုပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...