နိုင်ငံရေးအကျပ်အတည်းကို NCA-S EAO တွေက ၂၀၂၂ နှစ်မှာ ဖြေရှင်းဖို့ကြိုးစားသွားမယ်လို့ဆို

နိုင်ငံရေးအကျပ်အတည်းကို NCA-S EAO တွေက ၂၀၂၂ နှစ်မှာ ဖြေရှင်းဖို့ကြိုးစားသွားမယ်လို့ဆို

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဒီနှစ်မှာ NCA ရဲ့ အနှစ်သာရ ဒါမှ မဟုတ်PPST ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေကို အခြေခံပြီး နိိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပြဿနာကို အင်အားသုံးဖြေရှင်းမှုကြောင့် ပြည်သူများ သေကြေခြင်း ၊ လူငယ်များ အနာဂတ်ပျောက်ဆုံးမှုများ ၊ အတိဒုက္ခမျိုးစုံခံစားနေရမှာတွေကို PPSTက အထူးတုန်လှုပ်ကြောင်း ပြောဆိုထားပါတယ်။

ဒါ့ပြင် ကရင်နီပြည် ဖရူဆိုမြို့နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ကိစ္စ၊  လေးကေကော်မြို့က တိုက်ပွဲကိစ္စ ၊ နဲ့ အခြားဒေသတွေမှာ စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ ကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲကသာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...