တနင်္သာရီ တကူးမှာ လေယာဉ်နဲ့ ကင်းထောက်ပြီး စစ်ကောင်စီက PDF တွေကို တောနင်းရှာဖွေ

တနင်္သာရီ တကူးမှာ လေယာဉ်နဲ့ ကင်းထောက်ပြီး စစ်ကောင်စီက PDF တွေကို တောနင်းရှာဖွေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအနီးရှိ ၉ မိုင်တောင်အား စစ်ကောင်စီက လေယာဉ်နဲ့ ကင်းထောက်ပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေကို အသည်းအသန် တောနင်း ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၅ ရက်နေ့က ၉ မိုင်တောင်အား လေယာဉ်နဲ့ လာရောက် ကင်းထောက်ပြီးနောက် ဒီကနေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်လောက်ဟာ စစ်ကြောင်း ၃ ခွဲပြီး PDF တွေကို တောနင်း ရှာဖွေနေတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အား အများအပြားနဲ့ PDF တွေကို တောနင်းရှာဖွေနေလို့ တကူးကျေးရွာရှိ ခြောက်အိမ်စု၊ သံတိုက်၊ အင်းရှည်ကုန်း၊ ပြည်အေး ရပ်ကွက်တွေက ဒေသခံတွေဟာ တိုက်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် မိသားအလိုက် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ အင်အားထပ်မံ တိုးချဲ့လာတဲ့အတွက်ကြောင့် တကူးကျေရွာက ဒေသခံ ၃၀၀ ကျော်ဟာ အနီးနားကျေးရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၃ ရက်နေ့က တကူးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် စီးနင်းဖျက်ဆီးပြီးနောက် ၉ မိုင်တောင်မှာ PDF တွေ ခိုးအောင်းနေတဲ့ သတင်းကြောင့် တောနင်းရှာဖွေတာတွေ လုပ်ဆောင်လာတာပါ။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...