CDF-Matupi ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီး

CDF-Matupi ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီး

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဇန်နဝါရီလ ၆ ရက် မနက် ၉ နာရီကစတင်ပြီး CDF ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ကာ လက်ရှိတွင်လည်း စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ၇ ဦးကိုဖမ်းဆီးထားသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“မနေ့က တနေကုန်နီးပါး ညထိပေါ့ တောက်လျှောက်ပစ်တယ်။ ဒီမနက်လည်း နှစ်ဖက်တင်း မာနေ တုန်းရှိသေးတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့ဟာတွေတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ စကစဖက်က ဘယ်လိုရှိလဲဆိုတာ အတည်မပြု နုုိင်သေးဘူး။ အခုအချိန်ထိ တို်က်ပွဲကြားထဲမှာပဲရှိနေသေးတယ်ဆိုတော့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့က မတူပီ-ဟားခါးလမ်းမ ဝဲဘက်ရှိသော ကီလှုန်းနှင့် လုံလှောရွာကြားကို အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF-Matupi/ CDF- Zotung/ CDF-Lautu ညီနောင်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် စစ်ကောင်စီတပ်က ကီလှုန်းမှ လုံလှောရွာကို ခရီးသွားနေသော ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးထားသည့်အပြင် လူသားဒိုင်းကာအဖြစ် တိုက်ပွဲအတွင်း အသုံးပြုနေသည်ဟု CDF-Matupi သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကီးလှုန်နှင့် လုံလှောကျေးရွာသည် မတူပီမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည်ဟုသိရပြီး မတူပီမြို့နယ်တွင် ဇန်နဝါရီလကစပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...