ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံး ဗုံး‌ပေါက်၊ ဝန်ထမ်း ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံး ဗုံး‌ပေါက်၊ ဝန်ထမ်း ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး ဇန်နဝါရီလ ၆ ရက်နေ့က ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုကြောင့် ဝန်ထမ်း ၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ ညနေ ၃ နာရီခွဲကျော်ခန့်မှာ ဆိုင်ကယ်နဲ့လာသူ အမည်မသိ လူ ၂ ဦးက ရုံးအပြင်ဘက်ကနေ ဗုံးပစ်ထည့်သွားတာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် ရုံးအဆောက်အဦး ထိခိုက်ပျက်စီးသွားပြီး ရုံးအတွင်းရှိ ဝန်ထမ်း ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပါတယ်။

"အပြင်ကနေ ဆိုင်ကယ်နဲ့ဗုံးလာပစ်သွားတာလို့ သိရတယ်။ ဗုံးပေါက်သံက အကျယ်ကြီးဘဲ။ သိရတာက ဝန်ထမ်းအမျိုးသမီးအချို့ထိခိုက်ဒဏ်ရာရတာရှိတယ်။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြို့နယ်လျှပ်စစ်ရုံးဗုံးပေါက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုပြုလုပ်သွားပါတယ်။

ဒဏ်ရာရ ဝန်ထမ်းတွေကိုတော့ ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနောင်စိုးထွန်းနေအိမ်ဗုံးပစ်ခံရပြီးနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...