ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲမှုကြောင့် ကြသောင်းဆိပ်ရွာသား ရွာလုံးကျွတ်နီးပါး တိမ်းရှောင်

ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲမှုကြောင့် ကြသောင်းဆိပ်ရွာသား ရွာလုံးကျွတ်နီးပါး တိမ်းရှောင်

ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာရှိ နယ်ခြားစောင့်တပ်-BGF ခြေကုပ်စခန်းအား ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး တပ်မဟာ (၁) က တက်ရောက်သိမ်းယူခဲ့ပြီးနောက် ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်နေရာယူတပ်စွဲမှုကြောင့် ဒေသခံရွာသားများ ရွာလုံး ကျွတ်နီးပါး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

အင်အား (၈၀) ကျော်ရှိ စစ်ကောင်စီတပ်၊ တပ်မ (၂၂) လက်အောက်ခံတပ်ဖွဲ့ဝင်များသည် လက်ရှိ ကြသောင်းဆိပ်ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲ၌ ဝင်ရောက်နေရာယူတပ်စွဲထားသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်ဆောင်နေသည့်အတွက် ရွာတွင်းနေထိုင်ရန် မလုံခြုံသောကြောင့် ယခင်နှစ် ဒီဇင်ဘာလ တတိယအပတ်မှစ၍ ယခုအချိန်ထိ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။

“ရွာလူကြီးတွေ၊ ရွာမှာရောက်တဲ့ စစ်တပ်တွေက ရွာကလူတွေကို ပြန်လာခိုင်းတယ်။ ဘာအာမခံချက်မှ မရှိတော့ လူထုတွေက ဘယ်လိုလုပ်ပြန်နေရဲမလဲ။ ပြီးတော့ သေနတ်သံတွေက ဟိုမြည်ဒီမြည်ရှိ နေတုန်းပဲ။ ကတိုင်တိကနေ လက်နက်ကြီးတွေနဲ့ ရွာထဲကို ရမ်းပစ်တာတွေ ရှိခဲ့တယ်ဆိုတော့ တိုက်ပွဲ ပြန်ထပ်ဖြစ်မှာစိုးရိမ်တယ်။ ရွာမှာ ကျန်တဲ့လူတွေကလည်း ပြေးလို့လုံးဝ အဆင်မပြေလို့သာ နေနေကြ တာ။” ဟု တိမ်းရှောင်နေရသူ ရွာသားတစ်ဦးက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ကြသောင်းဆိပ်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများဖြစ်သော ကုန်းရွာ၊ ထော်ကလော်ထာ့၊ လေးခေါ့ထေ၊ ထီးဖာဒို့ခီးကျေးရွာမှ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် စစ်ရှောင်နေရသော ဒေသခံရွာသား နှစ်ထောင်ကျော်အထိရှိလာပြီဟု သိရှိရသည်။

အဆိုပါ ဒေသခံ စစ်ရှောင်များသည် ဘေးလွတ်ရာ တောထဲတောင်ထဲတွင် နှင့် ကမမောင်း၊ ကျိုက်ကော်ဒေသဘက်သို့ သွားရောက်တိမ်းရှောင်ကြပြီး လက်ရှိတွင် အနွေးထည်၊ ခြုံစောင်နှင့် အခြေခံ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ BGF ၁၀၁၃ တပ်ရင်း ခြေကုပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် KNU တပ်မဟာ ၁ တပ်ဖွဲ့က တက်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ၅ ရက်ကြာပြီးနောက်  ဒီဇင်ဘာလ ၂၁ရက်နေ့ ညအချိန်တွင် BGF တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာထဲသို့ ပြန်လည်ဝင်ရောက်ကာ တပ်စွဲနေရာယူနေခြင်းဖြစ်သည်။

လက်ရှိကျေးရွာတွင် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင် BGF စခန်းဟောင်း နေရာသို့ ပြန်လည်နေထိုင်းခြင်းမရှိဘဲ အဆောက်အဦး အခိုင်အမာရှိနေသည့် ရွာဘုန်းကြီးကျောင်း ဝင်းထဲ၌သာ နေရာယူတပ်စွဲထားသည်ဟု ဒေသခံထံမှ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...