မတူပီမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံး

မတူပီမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံး

ချင်းပြည်နယ် မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် ဇန်နဝါရီလ ၄ ရက်နေ့က CDF-Matupi ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်အရာရှိ ၁ ဦး အပါ အဝင် ၃ ဦးသေဆုံးခဲ့သည်အပြင် ဒဏ်ရာရရှိသူတွေလည်းရှိသည်ဟု သိရသည်။

“မနေ့က မနက်ခြောက်နာရီနဲ့ ခုနှစ်နာရီကြားမှာ ကျွန်တော်တို့ တိုက်ပွဲဖြစ်တယ်။ အရာရှိတစ်ဦး အပါအဝင် ၃ ဦး ကျတယ်။ ညနေ သုံးနာရီနဲ့ ငါးနာရီကြားမှာ ဖြစ်တဲ့တိုက်ပွဲမှာတော့ ကျွန်တော်တို့ သတင်းအချက်အလက်ကတော့ အတည်မပြုနိုင်ဘူး ။ သူတို့ဖက်ကတော့ ထိခို်က်ဒဏ်ရာရှိပေမယ့်။ လောလောဆယ် ဒီနေ့တော့ တိုက်ပွဲ မရှိသေးဘူးပေါ့။ ဒါပေမယ့် နှစ်ဖက်စ လုံးကတော့ အဆင့်သင့် အနေအထားတော့ ရှိကြတယ်” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်-ငလိုင်ကျေးရွာအကြားတွင် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထွက်လာ သော စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲဖြစ်ပွားခြင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာသော ကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးကျေးရွာတွင်အခြေစိုက်သော စစ်ကောင်စီတပ်စခန်းကို CDF-Matupi က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၁၀ ခန့်ဒဏ်ရာရရှိခဲ့သည်။

အလားတူ အဆိုပါနေ့ညနေပိုင်း ၅ နာရီခန့်ကလည်း မတူပီ-ဟားခါးလမ်း ဖနိုင် နှင့် ငလိုင်ရွာကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွား ကာ စစ်ကောင်စီတပ်သား ၂ ဦးကို အရှင်ဖမ်းမိထားသည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့တွင် တစ်အိမ်တက်ဆင်းကာ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်းများပြုလုပ်နေသည့်အပြင် လုံခြုံရေးစစ်ဆေးမှုများတင်းကြပ်နေပြီး ဌာနဆိုင်ရာ CDM ဝန်ထမ်းများ အပါအဝင် အနည်းဆုံးပြည်သူ ၁၀ ဦးကျော်ခန့် ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေပြီး ခိုနူမ်းသုန်အနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“နှစ်သစ်မကူးခင်မှာတော့ လူငယ် ၃ ဦးအဖမ်းခံရတာတော့ရှိတယ်။ မလွတ်သေးဘူး။ အဓိက ကတော့ သူတို မသင်္ကာမှုနဲ့ အခုလောလောဆယ်စစ်ဆေးနေတယ်လို့သိရတယ်။ စစ်တပ်ရဲ့ဗျူဟာ ကုန်းမှာထားတယ်။ ဝန်းထမ်းတွေ ဖမ်းတယ်ကိစ္စ ကတော့ မြေပြင်မှာပြောကြပေမယ့် ကျွန်တော်တို့ အနေနဲ့ အချက်အလက်အသိအကျ အတည်မပြုနိုင်သေးပါဘူး လော လောဆယ်လေ။” ဟု CDF-Matupi မှ သတင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...