ထန်တလန်တွင် နေအိမ်များထပ်မံမီးရှို့ခံရပြီး ၂ ရက်အတွင်း အိမ်ခြေ ၁၃၀ ကျော်လောင်ကျွမ်းပျက်စီး

ထန်တလန်တွင် နေအိမ်များထပ်မံမီးရှို့ခံရပြီး ၂ ရက်အတွင်း အိမ်ခြေ ၁၃၀ ကျော်လောင်ကျွမ်းပျက်စီး

ချင်းပြည်နယ် ထန်တလန်မြို့မှာ ဇန်နဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ကလူနေအိမ်တွေထပ်မံမီးရှိုတာ ကြောင့် ၂ ရက်အတွင်းမှာ အိမ်ခြေ တစ်ရာကျော်ထပ်မံလောင်ကျွမ်းခဲ့ရတယ်လို့သိရပါတယ်။

မီးလောင်မှုအကြိမ်ကြိိမ်ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့က CDF-Thantlang တပ်ဖွဲ့တွေခြေကုတ်ယူ ထားတဲ့ဘက်ကို စစ်ကောင်စီတပ်ဖွွဲ့က ထိုးစစ်ဆင်လာပြီး ပစ်ခတ်မှုတချိူ့ ရှိခဲ့ပြီးနောက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင် လောက်မှာ စစ်ကောင်စီဘက်က လူနေအိမ်တွေကို ထပ်မံမီးရခဲ့တာဖြစ်တယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိ သူကပြောပါတယ်။

“ဇန်နဝါရီလ ၃ ရက်နေ့ညနေ ၁ နာရီခွဲဝန်းကျင်လောက်ကနေ ဟတ်စကီးဆင်းလာတယ် အဲဒီကြားကာလ ဟတ်စကီး မဆင်းခင်လေးမှာ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်ကနေ ရဲစခန်းဘက်ကနေ တာဝန်ကျတဲ့ စစ်ခွေးတွေက ဆင်းလာပြီးမှ ကျနော်တို့ CDF နေတဲ့ဘက်ကို ထိုးစစ်ဆင်တာပေါ့နော်၊ အဲဒီအတောအတွင်းမှာပဲ ဟတ်စကီးက ၁ နာရီခွဲ ဝန်းကျင်လော က်မှာဆင်းလာတာပေါ့နော်၊ အဲဒီနောက်ပိုင်း ၂ နာရီခွဲဝန်းကျင်လောက်ကနေ မီးကစလောက်တာပေါ့ ရှို့မီးကြောင့်ဖြစ်တ ယ်၊ ဇုံမှုန် နဲ့ ကျောင်းရပ်ကွက်ကိုဆင်းလာတဲ့အချိန်မှာ တခါတည်းမီးရှို့တာပေါ့နော”

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း ထန်တလန်မြို့ပေါ်ကို ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ပြီးနောက် ညနေပိုင်း ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို ထပ်မံမီးရှို့ခဲ့ကြပြီး ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက်တာ အတွင်းလောင်မှုကြောင့် ထန်လတန်မြိ့ပေါ်မှာ လူနေအိမ်ခြေ ၁၃၀ ကျော်ထပ်မံလောင်ကျွမ်းပြာကြ ခဲ့ရတယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့မှုတွေကြောင့် စက်တင်ဘာ လကနေ ဇန်နဝါရီလ ၄ နေ့အထိ ၄ လအတွင်း ဘုရားကျောင်း ၇ ကျောင်းအပါအဝင် လူနေအိမ်ခြေ ၈၀၀ ကျော်လောင်ကျွမ်းပြာ ကျခဲ့ရပြီး ဒါဟာ ထန်တလန်မြို့ရဲ့ ထက်ဝက်နီးပါး လောင်ကျွမ်းပျက်စီးသွားတာလည်းဖြစ်ပါတယ်။

လူသူကင်းမဲ့နေတဲ့ ထန်တလန်မြို့က နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်မီးရှို့တဲ့ကိစ္စနဲ့ပတ်သက်ပြီး CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ခုလိုသုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့နေရာယူထားတဲ့ ရပ်ကွက်တွေလည်းရှိတာပေါ့နော်၊ သူတို့ကအရင်ဆုံး ပစ်ကွင်းရှင်းတာပေါ့၊ နည်းနည်းအကာ အကွယ်တွေရှိတဲ့ကျနော်တို့ဘက်မှာရှိတဲ့ဟာတွေကို တခါတည်းမီးရှို့တာပေါ့နော် အဲလိုမျိုးပုံစံဖြစ်တယ်၊ ဒီဟာကလည်း အပြတ်ရှင်းလင်းမယ်ဆိုတဲ့ဟာပေါ့နော်၊ သြဂုတ်လဝန်းကျင်လောက်ကနေ Clearing Operation စလုပ်တာပေါ့နော်၊ Clearing Operation အမိန့်ကျပြီလို့ယူဆတယ်၊ Clearing Operation က Genocide လိုပေါ့နော် သက်ရောက်တယ်၊ နောက်တစ်ခုက တနိုင်ငံလုံး CDF,PDF တို့ကို Message ပေးချင်တာပေါ့နော် ဒီလိုကျနော်တို့ကိုလာပစ်ရင် ဒီလိုမျိုးဖြစ်နိုင် တယ်ဆိုတဲ့ Message ကို ထန်တလန်ကနေစပြီးမှ ပေးချင်တဲ့ပုံပေါက်တယ်လို့ ကျနော်တို့ယူဆတာပေါ့နော်”

အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်နေထိုင်တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေစတင်မီးရခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့အထိ ၄ လအတွင်း မီးလောင်မှု အနည်းဆုံး ၁၈ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုတွေကြောင့် ထန်တလန်မြို့ပေါ်က Church on the Rock၊ Presbyterian Church၊ Thantlang Cen tenary Baptist Church၊ United Pentecostal Church၊ St.Nicholas’ Catholic Church၊ The Methodist Church နဲ့ Assembly of God စတဲ့ ဘုရားကျောင်း ၇ ကျောင်း မီးလောင်ပြာကျခဲ့ရပါတယ်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...