နယ်စပ်ဖြတ်ကျော် ကူညီခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို မြန်မာစစ်ရှောင်အရေး ကူညီနေသူတွေ တိုက်တွန်း

နယ်စပ်ဖြတ်ကျော် ကူညီခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို မြန်မာစစ်ရှောင်အရေး ကူညီနေသူတွေ တိုက်တွန်း

လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာပြည်ဘက်ခြမ်းက စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ အကူအညီတွေ အချိန်နဲ့တပြေးညီ ပေးနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေထံ စစ်ရှောင်အရေးကူညီနေသူတွေက တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လေးကေကော်နဲ့ အနီးနား တစ်ဝိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်ခန့်က ဒေသခံတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ဒီကနေ့အချိန်ထိတော့ စစ်ဘေးရှောင် တစ်သောင်းကျော်ဟာ သောင်းရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်အရေးကူညီနေသူတွေကတော့ မြန်မာဘက်ခြမ်း စစ်ရှောင်တွေကို အကူအညီပေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံက နယ်စပ်ကျော်ခွင့် မပေးတော့တဲ့အတွက် ပြန်လည် ခွင့်ပြုပေးဖို့ တောင်းဆိုနေတယ်လို့ ပြောပါတယ်။

“ ထိုင်းဘက်က ပို့ခွင့်မပေးတော့လို့ အခုလို တောင်းဆိုရတာ ဖြစ်ပါတယ်။ နယ်စပ်တလျှောက်မှာက စစ်ရှောင်တွေက စားဝတ်နေရေး အခက်အခဲရှိနေဆဲ ဖြစ်တယ်” လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ စားနပ်ရိက္ခာ ရေ ဆေးဝါး အမိုးအကာစတာတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အကြောက်တရားနဲ့  မလုံခြုံမှုကို ရင်ဆိုင်နေရပါတယ်။

 လေးကေကော်ဒေသမှာတော့ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...