KNU တပ်မဟာ ၅ တစ်နှစ်အတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၆၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ဗျူဟာမှူး အပါအဝင် ၁၃၀၀ ကျော် သေဆုံး

KNU တပ်မဟာ ၅ တစ်နှစ်အတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၆၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ဗျူဟာမှူး အပါအဝင် ၁၃၀၀ ကျော် သေဆုံး

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၂၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗျူဟာမှူး တပ်ရင်းမှူးတွေအပါအဝင် ၁၃၀၀ ကျော်သေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်းမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၂၆၉၂) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၃၆၄) ဦးသေဆုံးခဲ့ကာ (၁၃၁၃) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဗျူဟာမှူးတစ်ဦး၊ တပ်ရင်းမှူးသုံးဦး၊ တပ်ခွဲမှူး (၁၄) ဦး၊ ဒုတပ်ခွဲမှူးတစ်ဦး၊ ဗိုလ်တစ်ဦးတို့ပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးသုံးဦး၊ ဒုရင်းမှူးတစ်ဦး၊ ဒုဗိုလ်ကြီးတစ်ဦး၊ တပ်ခွဲမှူးသုံးဦး၊ ဒုခွဲမှူးလေးဦးနဲ့ အရာခံဗိုလ်တစ်ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်တော့ တပ်ခွဲမှူးတစ်ဦး၊ ဒုခွဲမှူးတစ်ဦး၊ ဗိုလ်နှစ်ဦး၊ တပ်ကြပ်ကြီးနှစ်ဦးနဲ့ တပ်ကြပ်သုံးဦး ကျဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်းမှာ KNLA တပ်မဟာ ၅ က စစ်ကောင်စီရဲ့ စစ်ကား (၄၇) စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာနဲ့ လယ်ယာကိုင်းထဲကို လက်နက်ကြီးနဲ့အချက်ပေါင်း ၂၀၀၀ ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကာ ဒီလိုရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၂)ဦးသေဆုံးခဲ့ကာ (၄၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...