ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဇနီးနှင့်သားကို သွားဖမ်းတဲ့ စစ်ကောင်စီတပ် ၊ ကြားဖြတ်တိုက်ခံရပြီး (၃)ဦးထက်မနည်း သေ

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဇနီးနှင့်သားကို သွားဖမ်းတဲ့ စစ်ကောင်စီတပ် ၊ ကြားဖြတ်တိုက်ခံရပြီး (၃)ဦးထက်မနည်း သေ

ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၆)ကျေးရွာအနီးမှာ ဇန်နဝါရီလ ၃ ရက်နေ့ညက စစ်ကောင်စီတပ်ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ KNLA တပ်မဟာ(၁) တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။

မနေ့ည ၈ နာရီခန့်မှာ သိမ်ဇရပ်ဘက်ကနေ ဇီးပြောင်းကို ထွက်ခွာလာတဲ့ တပ်မ(၄၄)လက်အောက်ခံ စစ်ကောင်စီလှုပ်ရှားတပ်ကို KNLA တပ်မဟာ(၁) တပ်ရင်း(၃)ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"မနေ့ညက တိုက်ပွဲဖြစ်တာဟုတ်တယ်။ စကစဘက်နဲ့ကျွန်တော်တို့ဖြစ်တာ။ ဒေါက်တာအေးဇံ မိန်းမကို ဝင်ဖမ်းပြီးတော့ ပတ်ဝန်းကျင်ကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာရှိသေးတယ်။ ပြီးတော့ သူတို့အောင်ပွဲခံပြီး ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့နဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ထိခိုက်ကျဆုံးမှုရှိတယ်။ ''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ၃ ဦးထက်မနည်းထိခိုက်သေဆုံးခဲပြီး KNLA ဘက်က ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့KNLA တပ်မဟာ(၁)၊ တပ်ရင်း(၃)အဖွဲ့တွေ၊ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ဒီဇင်ဘာလကုန်ထိ တိုက်ပွဲအကြိမ်ရေ ၃၀ ထက်မနည်းရှိခဲ့တာဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...