တိုင်းရင်းသား မီဒီယာမူဝါဒတစ်ရပ်ရေးဆွဲရန် ၅ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သဘောတူ

တိုင်းရင်းသား မီဒီယာမူဝါဒတစ်ရပ်ရေးဆွဲရန် ၅ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သဘောတူ
by -
ခိုနူမ်းထုန်
တိုင်းရင်းသားမီဒီယာများဖွံဖြိုးတိုးတက်လာရေးနှင့် ရေရည်ရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသား မီဒီယာမူဝါဒ (မူကြမ်း) တစ်ရပ်ကိုရေးဆွဲသွားရန် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇွန်လ ၂၆ မှ ၂၈ ရက်နေ့အထိ ကျင်းပခ ဲ့သော (၅) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သဘောတူဆုံးဖြတ်ခဲ့ကြသည်။

Burma News International (BNI) မှ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ကဆော့မွန်က ”ကျနော်တို့တိုင်းရင်းသား မီဒီယာတွေရဲ့အခန်း ကဏ္ဍပေါ့နော် ပြည်ထောင်စုအနေအထားမှာရောကိုယ့်ရဲ့ပြည်နယ် အနေထား မှာရောအသိ မှတ်ပြုပေးဖို့နဲ့ ကျနော်တို့ရဲ့ အခန်းကဏ္ဍ ကပီပီပြင်ပြင်ပေါ်ဖို့ပေါ့နော် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းကချမှတ်ခဲ့တဲ့ မီဒီယာဥပဒေတွေမှာ လည်းတိုင်းရင်းသား အခန်းကဏ္ဍတွေ မပါဘူးဖြစ်နေတယ်၊ မပါတော့ကာကျနော်တို့ တိုင်းရင်းသားမီဒီယာမူဝါဒကို ရေးဆွဲနိုင်ခြင်းအားဖြင့် အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားတွေ လည်းဒါတွေရှိသင့် တယ် လုပ်ပေးသင့်တယ်စသဖြင့်ပေါ့နော် သူတို့ရဲ့ ဥပဒေ၊ နည်းဥပဒေပြဌါန်း တဲ့အခါ မှာရောပြောလို့ရတာပေါ’’ ဟုပြောသည်။

BNI မှ ကြီးမူးကျင်းပသော (၅) ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ပြည်နယ် (၇)ခုမှ တို်င်းရင်းမီဒီယာ များ၏ လက်ရှိအခြေနေဆွေးနွေးခြင်း၊ တို်င်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်ရေး၊ မီဒီယာတွင် မသန်စွမ်းနှင့် အမျိူးသမီးများအခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင် သတင်းထောင်များ၏ လုံခြံုရေးကိစ္စ၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်များကိုဆွေးနွေးခဲ့ကြသည်။

ယခုလက်ရှိအခြေအနေတွင် ပြည်နယ်တစ်ချိူ့တွင် တိုင်းရင်းသားမီဒီယာများအားအသိအမှတ်ပြုမှုမရှိခြင်း၊ အစိုးရ နှင့် လွှတ်တော်အတွင်းလွတ်လပ်စွာ သတင်းရယူခွင့်မရှိခြင်းတို့ရင်ဆိုင်နေကြရပြီးယင်း ကိစ္စက ိုဖြေရှင်းရန် အရေကြီးကြောင်းဦးနိုင်ကဆော့မွန်ကပြောသည်။

“ ပြည်နယ်တစ်ခုနဲ့တစ်ခုကတော့မတူဘူးပေါ့၊ တစ်ချိူ့ပြည်နယ်ကတော့ အစိုးရရောလွှတ်တော်ရောမီဒီယာတွေ ကြိုဆိုတယ်၊ ၀န်ကြီးချူပ်၊ ၀န်ကြီးတွေနဲ့အင်တာဗျူးတွေရတယ်၊ မီဒီယာတွေကိုလွတ်လွတ်လပ်လပ်ပေးထားတဲ့ ပြည်နယ်တွေရှိ သလိုညီလာခံမှာကျနော်တို့ကြားရသလောက်ဆိုရင် တစ်ချိူ့ပြည်နယ်မှာတော့ မီဒီယာကို လွှတ်တော် ထဲပေးမဝင်ဘူး၊ အရေးကြီးကိစ္စဆွေးနွေးမယ်ဆိုရင် နှင်ထုတ်လိုက်တာတို့ အဲဒါတွေရှိ လာတယ် လို့ကြား ရတဲ့အခါမှာစတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကိုအသိအမှတ်မပြုရင် သူတို့ပြည်နယ်ရဲ့ ဒီမိုကရေစီက ဘယ်လ ို သွားမလဲမေးခွန်းမေးစရာတွေဖြစ်လာတယ်၊ ဒီကိစ္စကိုဖြေရှင်းဖို့လိုပါတယ်” ဟုပြောသည်။

(၅)ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ပြည်နယ် (၇)ခုမှ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများ၊ ရန်ကုန်၊ မန္တလေးအခြေစိုက် ပင်မမီဒီယာအဖွဲအစည်းများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ကိုယ်စား လှယ် (၁၇၆)ဦးတက်ရောက်ခဲ့ကြပြီး (၆) ကြိမ်မြောက် တို်င်းရင်းမီဒီယာညီလာခံကိုကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြ သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...