မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးနှင့်သား အဖမ်းခံရ

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးနှင့်သား အဖမ်းခံရ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တားအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမှုနဲ့ သားဖြစ်သူ နေဖြိုးဇံတို့ကို နေအိမ်မှာ ဇန်နဝါရီလ (၃)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနှင့် နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ည (၇)နာရီ ဝန်းကျင်မှာ ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး နေအိမ်ပတ်ဝန်းကျင်တွေကိုလည်း သေနတ်တွေနှင့် ပစ်ခတ်ခဲ့သေးတယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"အန်တီနဲ့သားဖြစ်သူရယ် အလုပ်သမားတစ်ယောက်ရယ်ကို ဖမ်းသွားတယ်။ အိမ်နံရံတွေမှာလည်း သွေးတွေကျန်ခဲ့တယ်တဲ့။ ပစ်ပြီး ဖမ်းသွားတဲ့သဘောရှိတယ်။ ပတ်ဝန်းကျင်က တိုက်ပွဲဖြစ်တယ်ထင်နေကြတာ။ သေနတ်သံတွေ ကြားတယ်ဆိုတော့''လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ကျိုက်မရောအကျဥ်းထောင်မှာ ဖမ်းဆီးထားပြီး စစ်ကောင်စီ စွဲဆိုထားတဲ့ အမှု (၁၂)မှုကို တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှတေ့ာ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ ဒေါက်တာအေးဇံကို အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ကနဦး အမိန့်ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် ပြစ်မှုထင်ရှားရင် တစ်မှု ထောင်ဒဏ် ၁၅ နှစ်နှုန်းနဲ့ အမှု ၉ မှုအတွက် ထောင်ဒဏ် ၁၃၅ နှစ်ထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...