ထန်တလန် ဓါတ်ပုံတွေကို လေးကေ့ကော် ဓါတ်ပုံဆိုပြီး ဓါတ်ပုံသတင်းမှား ဖြန့်ဝေ

ထန်တလန် ဓါတ်ပုံတွေကို လေးကေ့ကော် ဓါတ်ပုံဆိုပြီး ဓါတ်ပုံသတင်းမှား ဖြန့်ဝေ

လေးကေ့ကော် ညက အခြေအနေ ဆိုပြီး မီးလောင်နေတဲ့ ဓာတ်ပုံ ၁၀ ပုံနဲ့အတူ ပို့စ်တစ်ခုကို Ko Gyi ဆိုသူ လူမှု ကွန်ရက်စာမျက်နှာ Facebook အကောင့် ပိုင်ရှင်က ဒီဇင်ဘာလ ၂၄ ရက် (ဒီနေ့) မနက် ၆ နာရီ ၅၁ မိနစ်မှာ ရေး တင်ထားတာကို တွေ့ ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Ko Gyi ဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံနဲ့ ရေးသားထားတဲ့ စာဟာ လေးကေ့ကော်မှာ ဖြစ် ပွားခဲ့တဲ့ ဖြစ်စဉ်မဟုတ်လို့ပဲ ဖြစ်ပါတယ်။

လေးကေ့ကော်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညက ပစ်ခတ်မှုတွေရှိခဲ့တာ မှန်ပေမယ့် အခု ဒီ Ko Gyi အသုံးပြုထား တဲ့ ဓါတ်ပုံနဲ့ ရေးသားမှုတွေကတော့ မှားယွင်းနေပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ညက လေးကေ့ကော်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆိုတဲ့ သတင်းက မှန်ပေမယ့် Ko Gyi ဆိုသူ အသုံးပြုထားတဲ့ ပုံတွေဟာ လေးကေ့ကော် ဖြစ်စဉ်အတွင်းက ပုံတွေ မဟုတ်ပဲ ချင်းပြည်နယ် ထန်တလန်၊  စစ်ကိုင်းတိုင်း နတ်ချောင်းကျေးရွာနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက မီးလောင်နေတဲ့ ပုံတွေကို အသုံးပြုထားလို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ချင်းပြည်နယ် ထန်တလန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာ၊ မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာတွေကြောင့် အရပ်သားနေအိမ်တွေကို မီးလောင်ခဲ့တဲ့ ဖြစ်စဉ်ကို ဓာတ်ပုံနဲ့တကွ မဇ္စျိမ သတင်းဌာနက သတင်းရေးသားထားသလို ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တောင် ဖက် နတ်ချောင်းကျေးရွာမှာ မီးလောင်နေတဲ့ ဖြစ်စဉ်ကို Myanmar Now သတင်းဌာနကလည်း ဒေသခံတွေ ပေး ပို့လာတဲ့ ဓာတ်ပုံနဲ့ အတူ သတင်းရေး သားထားပါတယ်။

ထန်တလန် မီးလောင်မှုနဲ့ ပတ်သက်ပြီး Mizzima သတင်းဌာနက  ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3eoz21A ဝင်ကြည့်လို့ရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဖက် နတ်ချောင်းကျေးရွာမှာ မီးလောင်နေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Myanmar Now ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3yTrVrs တွေ့နိုင်ပါတယ်။

ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက မြင်သားရွာ၊ စန်းမြို့ရွာ စတဲ့ နေအိမ်တွေကို ဒီဇင်ဘာလ ၂၁ ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး အဖွဲ့တွေက နေအိမ် ၃၂ လုံး မီးရှို့ခဲ့တာကို ဒေသခံတွေကို မေးမြန်းပြီး လူထု နွေဦးက ဓာတ်ပုံနဲ့ တကွ သတင်းရေးသားထားတာကို လည်း တွေ့ရပါတယ်။

လူထုနွေဦးရဲ့ သတင်းကို ဒီမှာ  https://bit.ly/30UoNPt တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို စိစစ်လိုက်တဲ့အခါမှာ Ko Gyi ရေးတင်ထားတဲ့ စာနဲ့ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ လေးကေ့ကော်ဖြစ်စဉ်အတွင်းက ဓာတ်ပုံတွေ မဟုတ်ပဲ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အတွင်းက မီးလောင်နေတဲ့ နေအိမ်တွေရဲ့ ဓာတ်ပုံတွေသာ ဖြစ်တဲ့အတွက် ဓါတ်ပုံအမှား သတင်း တစ်ခု ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

Ko Gyi ရဲ့ ရေးသားမှုကို ထပ်ဆင့်ဖြန့်ဝေသူ လေးထောင်ကျော်အထိရှိနေပြီး ကြိုက်နှစ်သက်သူများလည်း တော်တော်များရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ ပြောပြတော့မယ်ဆိုရင် ယုံကြည်စိတ်ချ ရတဲ့ သတင်းဌာနတွေနဲ့ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့လိုပါတယ်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
July 27, 2026
စစ်တပ်က အင်အားထပ်မံဖြည့်တင်းထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ၇ မိုင်အကွာရှိ ရွှေမင်းဂံရေတပ်...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်မြို့သစ် အနောက်ဘက် ရဲကုန်းနေရာ၌ ပြီးခဲ့သည့်...
July 27, 2026
UWSA ‘ဝ’ အပါအဝင် မဟာမိတ်ညီနောင် အချို့ စစ်တပ်နှင့် တွေ့ဆုံရန် ပြင်ဆင်နေချိန်အတွင်း...
ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...