တနင်္သာရီက ပဲဒက်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

တနင်္သာရီက ပဲဒက်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ မေ ၈ ရက်နေ့ မနက်ပိုင်းမှာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေထံက သိရပါတယ်။

တပ်အင်အား ၄၀ ဝန်းကျင် အခြေချတပ်စွဲထားတဲ့ ပဲဒက်တပ်စခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ မနက် ၈ နာရီအချိန့်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂၂ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ နဲ့ တပ်ရင်း ၁၂ ရဲ့ တွဲဖက်တပ်ရင်းမှူး စောမှူးဂေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးဟာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ပဲဒက်စခန်းမကျရေးအတွက် စစ်ကောင်စီက ကြည်း၊လေ၊ရေ ခုခံကာကွယ်နေတဲ့ကြားကနေ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က လေးရက်မြောက်နေ့မှာ စခန်းတစ်ခုလုံး သိမ်းပိုက်ရရှိခဲ့တာပါ။

တနင်္သာရီတိုင်းမှာ အခုနှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲလာခဲ့သလို စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ထားဝယ်မြို့နယ် မောထာကျေးရွာအနီးမှာ ခြေကုပ်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KLNA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါသေးတယ်။

တနင်္သာရီတိုင်းမှာတော့ အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၁၀ ခုထက်မနည်း တော် လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...