တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီးတွင် ဝဲပျံနေ

တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီးတွင် ဝဲပျံနေ
အာဏာသိမ်းစစ်ကောင်စီတပ်သုံး တိုက်လေယာဉ်အမျိုးအစားတခုပုံ
အာဏာသိမ်းစစ်ကောင်စီတပ်သုံး တိုက်လေယာဉ်အမျိုးအစားတခုပုံ

လေးကေ့ကော်မြို့အနီးဧရိယာမှာ ယခုမွန်းလွဲပိုင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် (၃) စီးပျံဝဲနေပြီး လှည့်လည်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘားအံဘက်ကနေ လွန်ခဲ့တဲ့ (၃:၃၅) မိနစ်ခန့်က ဖြတ်သန်းလာတဲ့ တိုက်လေယာဉ် (၃)စီးဟာ ကော့ကရိတ်မြို့ကို ဖြတ်သန်းပြီး မြဝတီမြို့ကနေ လေးကေ့ကော်အနီးကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဆိုပါ တိုက်လေယာဉ်ဟာ မှော်ဘီလေတပ်စခန်းကနေ မွန်းလွဲ (၃:၁၉) မိနစ်မှာ ထွက်ခွါလာတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကတဆင့် သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို ယမန်နေ့ညက စစ်ကောင်စီတပ်တွေ ပြုလုပ်ပြီးနောက် ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ယမန်နေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအတော်များများ ညတွင်းခြင်း ထိုင်းဘက်ခြမ်းကို သွားရောက်ခိုလှုံခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ No Fly Zone အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။

Most read this week

May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...