တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီးတွင် ဝဲပျံနေ

တိုက်လေယာဉ် (၃)စီး လေးကေ့ကော်မြို့အနီးတွင် ဝဲပျံနေ
အာဏာသိမ်းစစ်ကောင်စီတပ်သုံး တိုက်လေယာဉ်အမျိုးအစားတခုပုံ
အာဏာသိမ်းစစ်ကောင်စီတပ်သုံး တိုက်လေယာဉ်အမျိုးအစားတခုပုံ

လေးကေ့ကော်မြို့အနီးဧရိယာမှာ ယခုမွန်းလွဲပိုင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် (၃) စီးပျံဝဲနေပြီး လှည့်လည်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘားအံဘက်ကနေ လွန်ခဲ့တဲ့ (၃:၃၅) မိနစ်ခန့်က ဖြတ်သန်းလာတဲ့ တိုက်လေယာဉ် (၃)စီးဟာ ကော့ကရိတ်မြို့ကို ဖြတ်သန်းပြီး မြဝတီမြို့ကနေ လေးကေ့ကော်အနီးကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဆိုပါ တိုက်လေယာဉ်ဟာ မှော်ဘီလေတပ်စခန်းကနေ မွန်းလွဲ (၃:၁၉) မိနစ်မှာ ထွက်ခွါလာတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကတဆင့် သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို ယမန်နေ့ညက စစ်ကောင်စီတပ်တွေ ပြုလုပ်ပြီးနောက် ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ယမန်နေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအတော်များများ ညတွင်းခြင်း ထိုင်းဘက်ခြမ်းကို သွားရောက်ခိုလှုံခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ No Fly Zone အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...