မွန်ပြည်နယ်က NLD ပါတီ အမတ် ၂ ဦး နေအိမ် ချိတ်ပိတ်ခံရ

မွန်ပြည်နယ်က NLD ပါတီ အမတ် ၂ ဦး နေအိမ် ချိတ်ပိတ်ခံရ

မွန်ပြည်နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အမတ် ၂ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပေါင်မြို့၊ ပေါင်းရပ်ကွက်မှာ ရှိတဲ့ NLD ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူး နေအိမ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လာရောက် ချိတ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်မှာ ရှိနေတဲ့ ကျိုက်ထိုမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နဲ့ မွန်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်ရဲ့ နေအိမ်နဲ့ ဆေးခန်းကိုတော့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ လာရောက် ချိတ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ NLD အမတ် ဒေါက်တာခင်ဆောင်နဲ့ ဦးဇော်ဇော်ထူးဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် နေအိမ်နဲ့ ဆေးခန်းကို ချိတ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ခင်ဆောင်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၅ ရက်နေ့မှာ ဖွဲ့စည်းထားတဲ့ NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင် တစ်ဦး လည်း ဖြစ်ပါတယ်။

NLD အမတ် ဒေါက်တာခင်ဆောင်နဲ့ ဦးဇော်ဇော်ထူးဟာ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပြီး၊ စစ်တပ် အာဏာသိမ်ပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရလို့ တိမ်းရှောင်နေတာပါ။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...