ကော့ကရိတ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာ

ကော့ကရိတ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာ

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲ့ရွာထဲကို စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာတယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာထဲကို ဒီကနေ့ မနက် ၅ နာရီခွဲအချိန်က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ရောက်ရှိလာတာလို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ဒီလို စစ်ကောင်စီတပ်ရောက်ရှိလာတာကြောင့် ကော့နွဲ့ ရွာသစ်ကုန်း အံကလောင်အနီးအနားက ဒေသခံပြည်သူတွေလူထုတွေဟာ စစ်ကောင်စီရန်ကိုကြောက်ရွံ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့ကလည်း ကော့နွဲ့ရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား ၁၅ မိနစ်ကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မွန်းလွဲပိုင်း ၂ နာရီအထိ ရွှေကြက်မင်းဘုရားကုန်းကနေ လက်နက်ကြီး အချက် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုရက်ပိုင်းတွေအတွင်း ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးအဆင့်ရှိသူအပါအဝင် အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...