ကော့ကရိတ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာ

ကော့ကရိတ်ထဲကို စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာ

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကော့နွဲ့ရွာထဲကို စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာတယ်လို့ ကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာထဲကို ဒီကနေ့ မနက် ၅ နာရီခွဲအချိန်က အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ရောက်ရှိလာတာလို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ဒီလို စစ်ကောင်စီတပ်ရောက်ရှိလာတာကြောင့် ကော့နွဲ့ ရွာသစ်ကုန်း အံကလောင်အနီးအနားက ဒေသခံပြည်သူတွေလူထုတွေဟာ စစ်ကောင်စီရန်ကိုကြောက်ရွံ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့ကလည်း ကော့နွဲ့ရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား ၁၅ မိနစ်ကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မွန်းလွဲပိုင်း ၂ နာရီအထိ ရွှေကြက်မင်းဘုရားကုန်းကနေ လက်နက်ကြီး အချက် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုရက်ပိုင်းတွေအတွင်း ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဒုရင်းမှူးအဆင့်ရှိသူအပါအဝင် အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ကာ ၁၀ ဦးခန့် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...