ရဲကားလာတာမြင်လို့ ဖဲဝိုင်းကနေထပြေးသူ သေနတ်နဲ့ပစ်ခံရတာကြောင့် ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ရဲကားလာတာမြင်လို့ ဖဲဝိုင်းကနေထပြေးသူ သေနတ်နဲ့ပစ်ခံရတာကြောင့် ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက် နာရေးအိမ်တစ်အိမ်မှာ ဖဲရိုက်လောင်းကစားပြုလုပ်နေသူတွေ ရဲကားလာတာကို မြင်တာကြောင့် ထပြေးစဉ် သေနတ်နဲ့ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီကျော်မှာ တောင်ပိုင်းရပ်ကွက် နာရေးအိမ်မှာ ရပ်ကွက်အတွင်းရှိ လူအချို့ ဖဲရိုက်လောင်းကစားပြုလုပ်နေချိန်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ရဲကားတစ်စီးဝင်လာတာကို မြင်တာကြောင့် ဖဲရိုက်နေသူတွေ ထပြေးကြတယ်လို့ ဆိုပါတယ်။

ဖဲရိုက်နေသူတွေ ထပြေးချိန်မှာ ရဲကားပေါ်က လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

"ရဲကားက သူတို့အလိုရှိနေသူ တစ်ဦးကို လာဖမ်းတယ်လို့ သိရတယ်။ ဖဲဝိုင်းက ထပြေးတဲ့သူက သူက သူများခိုးလာတဲ့ ဆိုင်ကယ်ကို ဝယ်ထားမိတယ်။ ရဲကားမြင်တော့ သူကိုလာဖမ်းတယ်ထင်ပြီး ဖဲဝိုင်းကနေ ထပြေးတာ။ ကားပေါ်က ပါလာတဲ့ စကစ အဖွဲ့ဝင်တစ်ဦးကလဲ လူတွေထပြေးတယ်ဆိုတော့ လှမ်းပစ်လိုက်တာ သေနတ်ကျည်ထိကုန်တယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် တောင်ပိုင်းတိုးချဲရပ်ကွက်နေ ကိုကျော်မင်းခိုင် အသက် ၃၁ ဆိုသူ မှာ သေနတ်ဒဏ်ရာရရှိ သေဆုံးသွားသလို နောက်အမျိုးသား ၁ ဦး ပေါင်မှာသေနတ်ဒဏ်ရာရှိသွားတာဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...