သေဘောဘိုးတွင် ပစ်ခတ်မှု ဖြစ်ပွား၍ ထောင်နှင့်ချီသည့် ဒေသခံများ သောင်ရင်းမြစ်ကမ်းနံဘေးသို့ တိမ်းရှောင်လာ

သေဘောဘိုးတွင် ပစ်ခတ်မှု ဖြစ်ပွား၍ ထောင်နှင့်ချီသည့် ဒေသခံများ သောင်ရင်းမြစ်ကမ်းနံဘေးသို့ တိမ်းရှောင်လာ

ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးရွာဘက်တွင် ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီ အချိန်တွင် ပစ်ခတ်မှုဖြစ်ပွား သည့်အတွက် ထောင်နှင့်ချီသည့် ဒေသခံရွာသားများသည် နယ်စပ် သောင်းရင်းမြစ်ကမ်းနံဘေးတွင် လာရောက်တိမ်းရှောင် လာသည်ဟု ဒေသခံရွာသားများက ပြောသည်။

ထိုင်းဘက်ခြမ်းရှိ ဒေသခံအမျိုးသမီးတစ်ဦးက “၈ နာရီ ၅ မိနစ်မှာစပစ်တာ၊ ၈ နာရီ ၃၅ မိနစ်အထိ ပစ်တယ်။ ထိုင်းဘက်ခြမ်းမှ လာကျတာရှိတယ်။ အခုတော့ ထိုင်းဘက်ခြမ်းက ရွာသားတွေလည်း ရှောင်သွားတာရှိတယ်။ သေဘောဘိုးရွာသား တွေကတော့ ကမ်းနံဘေးမှာ အလုံးအရင်းနဲ့ပဲ ရောက်ချလာတယ်။ ကူးဖို့က သူများခွင့်မပြုတော့ အဲဒီမှာ စောင့်ဆိုင်းနေကြတယ်။”ဟု ပြောသည်။

သေဘောဘိုးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက သွားရောက်ဝိုင်းဝန်း ပိတ်ဆို့ထားရာမှ စစ်ကောင်စီဘက်က ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းအရင်းအမြစ်များက ပြောသည်။

ယနေ့ သေဘောဘိုး ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဘောဘိုးဒေသအတွင်းရှိ ကျေးရွာ ၁၀ ခန့်မှ ဒေသခံရွာသား ၂၀၀၀ ကျော် သည် သောင်ရင်းမြစ်ကမ်းနံဖူးရောက်ရှိလာပြီး အများစုမှာ ကလေးငယ်များဖြစ်ကြကာ ကလေးအသုံးအဆောင်များ၊ အစားအသောက်များ နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ သေ့ဘောဘိုး ဒေသ၌ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဖလူးဘက်မှ ဆုံဆည်းမြိုင်ဘက်သို့ ရှောင်နေသည့် စစ်ဘေးရှောင်လမ်းကြောင်းများလည်း ယနေ့ နံနက်ပိုင်း တွင် ဖြတ်သန်း သွာလာ ရွှေ့ပြောင်း လို့မရတော့သဖြင့် နီးစပ်ရာ ရာဘာခြံများ စေတီကုန်းများတောင်ယာ စိုက်ခင်းများတွင် ခိုလှုံ စောင့်ဆိုင်း နေကြသည်ဟုလည်း သိရှိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...