ဘီးလင်း BGF ကင်းစခန်းတစ်ခု လောင်ချာပစ်ခံရ

ဘီးလင်း BGF ကင်းစခန်းတစ်ခု လောင်ချာပစ်ခံရ

ဘီးလင်းမြို့နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း မဲလံခေါင်းကျေးရွာအုပ်စု၊ လောစောလော့ကျေးရွာအနီး BGF ကင်းစခန်းတစ်ခု ဒီဇင်ဘာလ ၂၀ ရက်နေ့ညက လောင်ချာနဲ့အပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါည ၇ နာရီကျော်ခန့်မှာ လောစောလော့ကျေးရွာအနီး ဘီးလင်း-နတ်ကြီးသွား ကားလမ်းပေါ်ကအမှတ်(၁၀၁၃)BGF ကင်းစခန်းကို လောင်ချာနဲ့ပစ်ခတ်ခံရတာဖြစ်ပါတယ်။

"ညက BGF စခန်းအပစ်ခံရတယ်။ ပေါက်ကွဲသံတွေကြားတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတယ်။ ပေါက်ကွဲသံတွေကြားပြီး ပစ်ခတ်မှုတွေဖြစ်တော့ ဗုံးခိုကျင်းတွေထဲ ဝင်ပုန်းနေရတယ်။ ဒီမနက်ထိလဲ မပြင်မထွက်ရဲသေးဘူး''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လောင်ချာနဲ့အပစ်ခံရတာကြောင့် BGF ဘက်မှ ၂ ဦးထက်မနည်း ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

အဆိုပါ BGF စခန်းကို ပစ်ခတ်မှုမှာ ဘီးလင်းမြို့နယ်(ပကဖ)မစ်ရှင်အဖွဲ့(၂)မှ ဘီးလင်းမြို့နယ် စစ်ဆင်ရေးတာဝန်ခံ တပ်မှူး ပေါက်ကျိုင်းနဲ့ဗိုလ်တိုက်ကျွဲတို့ဦးဆောင်တဲ့အဖွဲ့က ၇၉ လောင်ချာနဲ့ သုံးလုံးပစ်ခတ်ခဲ့တယ်လို့ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

"ခုပစ်ခံရတာက ကင်းစခန်းပုံစံဖြစ်မယ်။ ထိခိုက်မှုအခြေနေကတော့ သေချာမသိရသေးဘူး။ ဒေသခံတွေလဲ ခုချိန်ထိ ဗုံးခိုကျင်းထဲမှာ နေနေရတယ်။ ခုပစ်ခတ်မှုက ဒေသခံ PDF တွေနဲ့KNLA တပ်ဖွဲ့တွေ ပေါင်းလုပ်တာ ဟုတ်လား မဟုတ်လားဆိုတာကတော့ မြေပြင်အဖွဲ့တွေနဲ့အဆက်သွယ်မရသေးလို့ သေချာမသိရဘူး''လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းထိ လောစောလော့ကျေးရွာမှာ BGF ဘက်မှ စစ်ရေးအသင့်ပြင်ဆင်ပြီး နှစ်ဖက်ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားလာနိုင်လို့ ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...