ကလေးမြို့တွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုပြီးဖယ်ရှားခိုင်း

ကလေးမြို့တွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုပြီးဖယ်ရှားခိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ (၄) အတွင်းရှိ ဆောက်လက်စဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခိုင်းနေသည်ဟုဒေသခံများထံမှသိရသည်။

“စာလာပို့သွားတာတယ် ထပ်ပြီးဆက်သွယ်လာတာမျိုးတော့ မရှိဘူး၊ သူတို့ကတော့ တပ်န ယ်နမိတ်မလွတ်ဘူး လို့ပြောတယ်။ တဝက်နီးပါးတော့ ပြောင်းရွေ့သွားပြီ အိမ်တွေကို မဖျက်ကြသေး ဘူး၊ လူနဲ့ ပစ္စည်းတွေပဲရွေ့ သွားတာ၊ အခုလောလောဆယ် ပြောင်းရွေ့ဖို့ ဖျက်နေတာ။ စာထဲမှာက မရွေ့ပေးရင် တရားဥပဒေနဲ့ အရေးယူ မယ်လို့ပါတယ်” ဟု နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောသည်။

အဆိုပါနယ်မြေသည် အမှတ် (၉၄၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၁၃ ရက်မှ ၂၆ ရက်နေ့အတွင်း ဖယ်ရှားပေးကြရန်နှင့် အကယ်၍ ဖယ်ရှားခြင်းမရှိပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မူးကိုယ်တိုင်လက်မှတ်ရေးထားသည့် အကြောင်းကြားစာကို ဒေသခံပြည်သူများ ထံ ပေးအပ်ခဲ့သည်။

၎င်းနယ်မြေကို ယခင် NLD အစိုးရလက်ထက်ကတည်းက ကျူးနယ်မြေဖြစ်သည်ဟုဆိုကာ စစ်တပ်ဖက်က တရားစွဲဆိုသည့်အတွက် အမှုရင်ဆိုင်ခဲ့ကြရာတွင် ဒေသခံပြည်သူများဖက်က အနိုင်ရရှိပြီးနောက် ဆက်လက်နေထိုင်ခဲ့ကြသည်ဟုလည်း သိရသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...