ကလေးမြို့တွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုပြီးဖယ်ရှားခိုင်း

ကလေးမြို့တွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုပြီးဖယ်ရှားခိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ (၄) အတွင်းရှိ ဆောက်လက်စဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၂ လုံးကို တပ်ပိုင်မြေဟုဆိုကာ စစ်ကောင်စီက ဖယ်ရှားခိုင်းနေသည်ဟုဒေသခံများထံမှသိရသည်။

“စာလာပို့သွားတာတယ် ထပ်ပြီးဆက်သွယ်လာတာမျိုးတော့ မရှိဘူး၊ သူတို့ကတော့ တပ်န ယ်နမိတ်မလွတ်ဘူး လို့ပြောတယ်။ တဝက်နီးပါးတော့ ပြောင်းရွေ့သွားပြီ အိမ်တွေကို မဖျက်ကြသေး ဘူး၊ လူနဲ့ ပစ္စည်းတွေပဲရွေ့ သွားတာ၊ အခုလောလောဆယ် ပြောင်းရွေ့ဖို့ ဖျက်နေတာ။ စာထဲမှာက မရွေ့ပေးရင် တရားဥပဒေနဲ့ အရေးယူ မယ်လို့ပါတယ်” ဟု နေအိမ်ဖယ်ရှားခံရသူတစ်ဦးက ပြောသည်။

အဆိုပါနယ်မြေသည် အမှတ် (၉၄၁) ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ ဒီဇင်ဘာလ ၁၃ ရက်မှ ၂၆ ရက်နေ့အတွင်း ဖယ်ရှားပေးကြရန်နှင့် အကယ်၍ ဖယ်ရှားခြင်းမရှိပါက တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မူးကိုယ်တိုင်လက်မှတ်ရေးထားသည့် အကြောင်းကြားစာကို ဒေသခံပြည်သူများ ထံ ပေးအပ်ခဲ့သည်။

၎င်းနယ်မြေကို ယခင် NLD အစိုးရလက်ထက်ကတည်းက ကျူးနယ်မြေဖြစ်သည်ဟုဆိုကာ စစ်တပ်ဖက်က တရားစွဲဆိုသည့်အတွက် အမှုရင်ဆိုင်ခဲ့ကြရာတွင် ဒေသခံပြည်သူများဖက်က အနိုင်ရရှိပြီးနောက် ဆက်လက်နေထိုင်ခဲ့ကြသည်ဟုလည်း သိရသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...