ကလေးမြို့အနောက်တောင်ဘက် တိုက်ပွဲပြင်းထန် နှစ်ဖက်အကျအဆုံးရှိ

ကလေးမြို့အနောက်တောင်ဘက် တိုက်ပွဲပြင်းထန် နှစ်ဖက်အကျအဆုံးရှိ

ကလေးမြို့နယ်၊ အနောက်တောင်ပိုင်း စီးစံကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay / CNDF ပူးပေါင်းတပ်ဖွဲ့အကြား ဒီဇင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ကလေးမြို့နယ် အနောက်တောင်ပိုင်း စက္ကန့်၊ ကျောက်ဂူဘက်မှ ချင်းတောင်ခြေ တလျှောက် စစ်ကြောင်းလျှောက်ဝင်လာပြီး ယမန်နေ့ မနက်ပို်င်းက PDF-Kalay တပ်ရင်း ၅ ၏ စခန်း ဟောင်းနေရာတစ်နေရာကို မီးရှို့ခဲ့ရာမှ စီးစံကျေရွာအနောက်ဘက် ဆုတောင်းကုန်း အနီးတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဟု PDF-Kalay က ထုတ်ပြန်သည်။

ကလေးမြို့၊ တောင်ဖီလာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကလည်း လက်နက် ကြီးများဖြင့်ပစ်ကူ ခဲ့ကြပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ စက်လက်နက်များကို အဓိကထား အသုံးပြုပြီး တရစပ်ပစ်ခတ်သော ကြောင့် ညနေ ၅ နာရီအချိန်တွင် စီးစံကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့ကာ လူနေ အိမ် ၂ လုံးမီးရှို့သည့်အပြင် လက်နက်ကြီးထိမှန်မှုဖြင့် နောက်ထပ် လူနေအိမ်၂ လုံးနှင့် ဆင်တော ကျေးရွာ လူနေအိမ် ၂ လုံး ပျက်ဆီးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၂ ဦးသေဆုံးခဲ့ပြီး PDF-Kalay တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည့်အြ ပင် အဖွဲ့ဝင်တစ်ဦး နှင့် CNDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF-Kalay ထုတ်ပြန်ချက်အရသိရသည်။

တိုက်ပွဲကြောင့် ကလေးမြို့အနောက်တောင်ပိုင်းမှ စီးစံ၊ ရှားတော၊ လေးအိမ်စု၊ သုံးအိမ်စု၊ စက္ကန့်စသည့်ကျေးရွာများ မှဒေသခံပြည်သူူများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံသတိရှိစွာဖြင့် နေထိုင်သွားလာကြပါရန် PDF-Kalay က မေတ္တာရပ်ခံထားသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...