ကလေးမြို့အနောက်တောင်ဘက် တိုက်ပွဲပြင်းထန် နှစ်ဖက်အကျအဆုံးရှိ

ကလေးမြို့အနောက်တောင်ဘက် တိုက်ပွဲပြင်းထန် နှစ်ဖက်အကျအဆုံးရှိ

ကလေးမြို့နယ်၊ အနောက်တောင်ပိုင်း စီးစံကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay / CNDF ပူးပေါင်းတပ်ဖွဲ့အကြား ဒီဇင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ကလေးမြို့နယ် အနောက်တောင်ပိုင်း စက္ကန့်၊ ကျောက်ဂူဘက်မှ ချင်းတောင်ခြေ တလျှောက် စစ်ကြောင်းလျှောက်ဝင်လာပြီး ယမန်နေ့ မနက်ပို်င်းက PDF-Kalay တပ်ရင်း ၅ ၏ စခန်း ဟောင်းနေရာတစ်နေရာကို မီးရှို့ခဲ့ရာမှ စီးစံကျေရွာအနောက်ဘက် ဆုတောင်းကုန်း အနီးတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဟု PDF-Kalay က ထုတ်ပြန်သည်။

ကလေးမြို့၊ တောင်ဖီလာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကလည်း လက်နက် ကြီးများဖြင့်ပစ်ကူ ခဲ့ကြပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ စက်လက်နက်များကို အဓိကထား အသုံးပြုပြီး တရစပ်ပစ်ခတ်သော ကြောင့် ညနေ ၅ နာရီအချိန်တွင် စီးစံကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့ကာ လူနေ အိမ် ၂ လုံးမီးရှို့သည့်အပြင် လက်နက်ကြီးထိမှန်မှုဖြင့် နောက်ထပ် လူနေအိမ်၂ လုံးနှင့် ဆင်တော ကျေးရွာ လူနေအိမ် ၂ လုံး ပျက်ဆီးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၂ ဦးသေဆုံးခဲ့ပြီး PDF-Kalay တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည့်အြ ပင် အဖွဲ့ဝင်တစ်ဦး နှင့် CNDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF-Kalay ထုတ်ပြန်ချက်အရသိရသည်။

တိုက်ပွဲကြောင့် ကလေးမြို့အနောက်တောင်ပိုင်းမှ စီးစံ၊ ရှားတော၊ လေးအိမ်စု၊ သုံးအိမ်စု၊ စက္ကန့်စသည့်ကျေးရွာများ မှဒေသခံပြည်သူူများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံသတိရှိစွာဖြင့် နေထိုင်သွားလာကြပါရန် PDF-Kalay က မေတ္တာရပ်ခံထားသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...