မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွားလာမှု ခေတ္တပိတ်ထား

မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွားလာမှု ခေတ္တပိတ်ထား

ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်း ဒေါနတောင်ခြေမှာ ယာဉ်ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားရကြောင်း သိရသည်။

ယနေ့နံနက် ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ကော့နွဲ့ရွာအနီးနေထိုင်သူ တစ်ဦးက “မနက် ၁၁ နာရီလောက်ကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေရော လက်နက်ငယ် ပစ်ခတ်သံတွေ အဆက်မပြတ်ကြားရတယ်။ ကော့နွဲ့ရွာအရှေ့ဘက်မှာ ဖြစ်နေတာလို့ ထင်တယ်။ မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့နွဲ့ရွာအနီးမှာတော့ ယာဉ်ဖြစ်သန်းသွားလာမှု မတွေ့ရတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

နံနက် ၁၁ နာရီခွဲတွင် လက်နက်ငယ်သံများ မကြားရတော့ဘဲ လက်နက်ကြီး ပစ်ခတ်သံများသာ ဆက်လက်ကြားနေရပြီး ယာဉ်သွားလာမှုခေတ္တရပ်နား ထားရသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် လတ်တလော အခြေအနေရ မြဝတီကော့ကရိတ် အာရှလမ်း ကော့နွဲ့ရွာအနီး ဒေါနတောင်ခြေတွင် ကုန်တင်တွဲကားယာဉ်ဖြင့် လမ်းပိတ်ထား၍ ယာဉ်သွားလာမှု ကန့်သပ်ထားသော်လည်း နေ့လည် ၁၂ နာရီအချိန်ခန့်တွင်ယာဉ်ဖြတ်သန်းသွားလာမှုများ ပြန်လည်ပြုလုပ်နေသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့စတင်ခဲ့သည့် မြဝတီတောင်ဘက်ခြမ်း လေးကေကော်ဒေသ တိုက်ပွဲဂယက်ကြောင့် ကရင်ပြည်နယ်အတွင်း စစ်ရေးနယ်ပယ် ပိုမိုကျယ်ပြန့် လာပြီး ကော့ကရိတ်ဘက်ခြမ်း မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ အလားတူ ထိတွေ့ တိုက်ပွဲမျိုး ယခုရက်ပိုင်းအတွင်း ၃ ကြိမ်ခန့်ရှိခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...