စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူဘက် ပူးပေါင်းဖို့ KNU တောင်းဆို

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူဘက် ပူးပေါင်းဖို့ KNU တောင်းဆို

စစ်ကောင်စီအတွင်းရှိ တပ်ဗိုလ်၊ တပ်မှူးများအနေဖြင့် ကျရှုံးနိုင်ငံအဖြစ်ရောက်ရှိနေသည့် နိုင်ငံကို ပြန်လည်ကယ်ဆယ်သည့်အနေဖြင့် ပြည်သူလူထုဘက် ပူးပေါင်းပါဝင်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုသည့် ကြေငြာချက်တရပ်ကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ လေးကေ့ကော်ဒေသကို ဝင်ရောက်ပြီး ခေတ္တခဏတိမ်းရှောင်နေသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နေအိမ်များကို ရိုက်ချိုးဖျက်ဆီးပစ်ခြင်း၊ KNU တပ်ဖွဲ့ဝင်များကို စစ်ရေးအရ အင်အားသုံး ဖိအားပေးပြီး အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် ခုခံကာကွယ်သည့်အနေဖြင့် တိုက်ပွဲဖြစ်ပေါ်ခြင်းဖြစ်ကြောင်း အဓိကထားဖော်ပြခဲ့သည်။

KNU အနေဖြင့် ထုတ်ပြန်ချက်တွင် အချက် (၄) ချက်ပါတောင်းဆိုချက်ကို ထည့်သွင်းဖော်ပြထားပြီး စစ်ဘေးဒုက္ခသည်များကို နိုင်ငံတကာအဖွဲ့အစည်းများ ဝင်ရောက်တွေ့ဆုံခွင့်နှင့် လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ ကူညီပေးရန်၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်လာနိုင်သည့်အခြေအနအတွက် ကုလသမဂ္ဂမှ ဦးစီးပြီး အရေးပေါ်အစည်းအဝေးကျင်းပကာ လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံသတ်မှတ်ပေးရေးနှင့် စစ်ကောင်စီတပ်များအနေဖြင့် တိုက်ပွဲဖြစ်ရာဒေသမှ ပြန်လည်ရုပ်သိမ်းသွားပေးဖို့အချက်များကိုလည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီ၏ စစ်တပ်အနေနဲ့လည်း နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှု ဆုတ်ခွာဖို့ ကတိပေးလုပ်ဆောင်ရန်လည်း ကြေငြာချက်အဆုံးသတ်မှာ ဖော်ပြထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...