KNLA တပ်မဟာ(၁)နယ်မြေကို ကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားဟုဆို

KNLA တပ်မဟာ(၁)နယ်မြေကို ကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားဟုဆို

KNLA တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီတပ်ဖွဲ့တွေ နယ်မြေကျော်လာပါက ကိုယ့်နယ်မြေကိုယ် ကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားတယ်လို့ KNLA တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါတယ်။

KNLA တပ်မဟာ(၁)နယ်မြေမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ဘားအံမြို့နယ်တို့ပါဝင်ပါတယ်။

လတ်တလောအခြေနေမှာ စစ်ကောင်စီဘက်က KNLA တပ်မဟာ(၁)နယ်မြေအတွင်း ထူခြားစစ်ရေးလှုပ်ရှားမှုမရှိပေမယ့် ပုံမှန်စစ်ရေးလှုပ်ရှားသွားလာနေတာ တပ်ချိန်းပြောင်းတာတွေနဲ့ရိက္ခာသယ်ဆောင်သွားလာတာတွေ လုပ်နေတာ ဖြစ်ပါတယ်။

"တပ်မဟာ(၁)နယ်မြေမှာတော့ စကစ ဘက်က အင်အားဖြည့်တင်းတာ စစ်ရေးပိုလှုပ်ရှားလာတာတွေ ခုရက်ပိုင်းမှာ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ကိုယ်နယ်မြေကို ကိုယ်ကာကွယ်ဖို့အတွက် ပြင်ဆင်ထားတာတော့ရှိတယ်။ ဘားအံဘက်က BGF၊ စကစ ပူးပေါင်းအင်အား ၃၀၀ လောက်က ပြန်ထွက်သွားတာရှိတယ်။ တပ်မဟာ(၁)နယ်မြေထဲမှာ လေးကေကော်လိုဖြစ်လာနိုင်သလားဆိုတာက စကစ ဘက်ကဘဲ မူတည်ပါတယ်။ သူတို့ဘက်က နယ်မြေကျော်လှုပ်ရှားလာတာမရှိဘူးဆိုရင်တော့ ဖြစ်လာနိုင်စရာမရှိပါဘူး။ ''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

KNLA တပ်မဟာ(၁)နယ်မြေမှာ စစ်ကောင်စီဘက်က ပုံမှန်အင်အင်အားအပြင် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ ယခင်လတွေက အင်အားဖြည့်တင်းထားတဲ့ ၅၀၀ ဦး ခန့်ရှိနေသေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က KNLA တပ်မဟာ(၁)နယ်မြေအတွင်းမှာရှိနေတဲ့ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာက BGF တပ်စခန်းတစ်ခုကို KNLA ဘက်က တက်ရောက်သိမ်းပိုက်ခဲ့ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...