သထုံမှာ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

သထုံမှာ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

သထုံမြို့နယ်၊ ပုရစ်ခိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ညက စစ်ကြောင်စီလှုပ်ရှားစစ်ကြောင်းကို KNLA ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါည ၇ နာရီကျော်ခန့်မှာ ပိန္နဲတောကျေးရွာဘက်ကနေ ဝင်းတာပန်ကျေးရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်းကို KNLA တပ်မဟာ(၁)ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

"ညက စကစ အဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်။ ၃ ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်။ သူတို့လူတွေကို သူတို့ပြန်သယ်သွားကြတယ်လို့ သိရတယ်။ ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်က နယ်မြေကျော်လှုပ်ရှားလာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ရတာဖြစ်တယ်လို့ KNLA တပ်မဟာ(၁)ဘက်က ပြောပါတယ်။

"ညက ၇ နာရီကျော်လောက်ဖြစ်တယ်။ ညဘက်ဖြစ်နေတော့ သူတို့အင်အား ဘယ်လောက်ပါလဲဆိုတာမသိရဘူး။ သူတို့နယ်မြေကျော်လာလို့ နယ်မြေထဲမပေးဝင်ဖို့အတွက် မိုင်းဆွဲတိုက်ခိုက်လိုက်တာ။ သူတို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မသိရသေးဘူး။ ညဘက်လဲဖြစ်နေတော့ သေချာမပြောနိုင်ဘူး''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရာသလို KNLA တပ်မဟာ(၁)နဲ့ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကိုလဲ ခံနေရတယ်လို့ သိရပါတယ်။

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...