ထိုင်းဘက်သို့ စစ်ရှောင်နေသူ ၁၃၀ ခန့် မြဝတီဘက်သို့ ပြန်ဝင်လာ

ထိုင်းဘက်သို့ စစ်ရှောင်နေသူ ၁၃၀ ခန့် မြဝတီဘက်သို့ ပြန်ဝင်လာ

လေးကေကော်ဒေသတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်ခဲ့သော မဲ့ထော်သလေးကျေးရွာမှ ပြည်သူ ၁၃၂ ဦး မှာ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဘုရားလေးဂိတ်မှတဆင့် ပြန်လာကြကြောင်း သိရသည်။

“ဒီနေ့ ပြန်လာသူ မဲ့ထော်သလေး ကျေးရွာနေ ပြည်သူများနှင့်ရွာမှာအလုပ်လုပ်ဖို့ ရောက်ရှိနေသူတွေဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မဲ့ထော်သလေးရွာဘက်ထိ တိုက်ပွဲတွေဖြစ်လာတဲ့အတွက်ကြောင့် ထိုင်းဘက်ခြမ်းသို့ သွားရောက် တိမ်းရှောင်ခဲ့ကြပြီး ဒီကနေ့ မြဝတီဘက်သို့ ပြန်လာကြတာပါ။ “ဟု ယနေ့ ပြန်လာသူများအား ကြိုဆိုရေးဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပြန်လာသူအများစုမှာ မြဝတီမြို့ရှိ ၎င်းတို့၏ ဆွေးမျိုး မိတ်ဆွေများ နေအိမ်တွင် ခေတ္တနေထိုင်ရန် ပြန်လာကြကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ထိုသို့ပြန်လည်ဝင်ရောက်လာသူများကိုနယ်ခြားစောင့်တပ် -BGF တပ်နယ် (၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန် နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ပြီး လူတစ်ဦးလျှင် ထမင်း ၁ ဘူး နှင့် ငွေကျပ် ၁ သောင်းစီဝေပေးခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့သည့် လေးကေကော်ဒေသတွင် ဖြစ်ပွားလျက်ရှိသော KNLA မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGFပူးပေါင်းတပ်တို့၏ တိုက်ပွဲမှာ ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ဆက်လက်ပြင်းထန်လျက် ရှိနေဆဲဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နယ်စပ်တွင် ခိုလှုံနေသည့် စစ်ရှောင်များသည် သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းဘက်ခြမ်းသို့ လူအင်အား အလုံးအရင်းဖြင့် ထပ်မံထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...