မွန်က ယာဉ်လိုင်းတွေ ဆက်လက် ရပ်တည်ဖို့အခက်ကြုံ

မွန်က ယာဉ်လိုင်းတွေ ဆက်လက် ရပ်တည်ဖို့အခက်ကြုံ

မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဈေးနှုန်း မြင့်တက်လာတာ၊ ခရီးသည်ရရှိမှု နည်းပါးလားတဲ့အတွက်ကြောင့် ဆက်လက် ရပ်တည်ဖို့ အခက်အခဲတွေ ရှိလာကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဝေးယာဉ်လိုင်းတွေဟာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းတာခံနေရတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မကြာမီကာလအတွင်း ယာဉ်လိုင်းအများစု အပြီးပိုင် ပိတ်သိမ်းရဖို့ ရှိနေတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင် တစ်ဦးက ပြောပါတာယ်။

အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ယာဉ်လိုင်းတချို့ ပြေးဆွဲမှု ရပ်နားလာသလို ပုံမှန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကလည်း ကားအစီးအရေ အကန့်အသတ်နဲ့ ပြေးဆွဲနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာ ဘဏ်ချေးငွေတွေနဲ့ ဝယ်ယူထားတဲ့အတွက်ကြောင့် ဘဏ်တွေကနေ ချေးငွေ ပြန်မဆပ်နိုင်ဖို့ ကားသိမ်းယူတာတွေလည်း ခံနေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်ကနေ တခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းပေါင်း ၇၃ လိုင်း ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယာဉ်လိုင်းတချို့ ပြေးဆွဲမှု ရပ်နားလာဖို့ အဲဒီလုပ်ငန်းတွေအပေါ် မှီခိုလုပ်ကိုင်နေကြတဲ့ အလုပ်သမား ထောင်ချီ စားဝတ်နေရေး အခက်အခဲရှိလာကြပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...