ကြသောင်းဆိပ် BGF စခန်းတိုက်ပွဲကြောင့် ဒေသခံ ၇၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ကြသောင်းဆိပ် BGF စခန်းတိုက်ပွဲကြောင့် ဒေသခံ ၇၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ BGF တပ်စခန်းတစ်ခု ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက KNLA တပ်ဘက်မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ဒေသခံ ပြည်သူ ၇၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယနေ့ မနက်ပိုင်း ၅ နာရီကျော်ခန့်မှာ ကြသောင်းဆိပ်ကျေးရွာရှိ အမှတ်(၁၀၁၄) BGF တပ်စခန်းကို KNLA တပ်မ(၁)လက်အောက်ခံ KNDO တပ်ရင်းကနေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်လှန်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ကြသောင်းဆိပ်ကျေးရွာက ဒေသခံ ၇၀၀ နီးပါးဟာ နီးစပ်ရွာကျေးရွာတွေဖြစ်တဲ့ ဒေါ့ဇံကြီးကျေးရွာနဲ့ပျဉ်းမပင်ဆိပ်ကျေးရွာတို့မှာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

"မနက်ကတည်းက ဖြစ်တဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာရတယ်။ ခုက နီးစပ်ရာအသိအိမ်မှာနေနေတယ် ထွက်ပြေးကြတာ ရွာလုံးကျွတ်ဘဲ။ သိရသလောက်က KNU ဘက်က စခန်းကို ပစ်ထားလို့ စကစ ဘက်က ထိခိုက်သေဆုံးတာရှိတယ်။ ဘုန်းကြီးကျောင်းထဲရှိတဲ့ စကစ တပ်သားအချို့က နေရာကောင်းယူထားပြီး ပြန်ပစ်နေတော့ စခန်းသိမ်းနိုင်တဲ့အခြေနေတော့ မရှိသေးဘူးလို့ သိရတယ်။ လက်နက်ကြီးပစ်တဲ့အသံကြောင့် အဖွားတစ်ယောက်လန့်ပြီးသေသွားတယ်။''လို့ ကြသောင်းဆိပ်ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိအချိန်ထိ ပစ်ခတ်သံများရှိနေသေးပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကို မသိရသေးဘဲ ကတိုင်တိဘက်ရှိ BGF တပ်စခန်းဘက်မှ လက်နက်ကြီးများနဲ့ပစ်ကူပေးနေတာလဲ ရှိနေသေးတယ်လို့ သိရပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် ကြသောင်းဆိပ်ကျေးရွာဒေသခံတွေရဲ့ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...