ဒီမိုကရေစီလိုလားသောပြည်သူများကိုကူညီပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ်ပြော

ဒီမိုကရေစီလိုလားသောပြည်သူများကိုကူညီပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ်ပြော

အိန္ဒိယနိုင်ငံသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံမှ ဒီမိုကရေစီလိုလားသောပြည်သူများကို ကူညီထောက်ပံ့ပေးခြင်းသည် အိန္ဒိယအစိုးရ၏ တာဝန်တစ်ရပ်ဖြစ်သည်ဟု မီဇိုရမ်ပြည်နယ် အထက်လွတ်တော်အမတ် (Rajya Sabha MP) Pu K.Vanlalvena က ပြောသည်။

မြန်မာ့နိုင်ငံရေးအလြေနေကြောင့် အိနိ္ဒယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံနေကြသည့်မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသောအိန္ဒိယဗဟိုအစိုးရကို ဒီဇင်ဘာ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ ပါလီမန်အစည်းအဝေးတွင် Pu K.Vanlalvena က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ် Zonet သတင်းတွင် ဖော်ပြသည်။

“မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၁၅၀၀၀ ခန့်ရှိတယ်။ အဲဒီစစ်ဘေးရှောင်တွေကို အိန္ဒိယဗဟိုအစိုးရရဲ့ ကူညီထောက်ပံ့မှုမပါဘဲ မီဇိုရမ်အစိုးရ၊ နိုင်ငံရေးပါတီ၊ NGO အဖွဲ့အစည်းတွေနဲ့ မီဇိုးပြည်သူတွေက (၁၁) လနီးပါး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြတယ်။ စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိင်သည့်အထိ ဆောင်ရွက်နေပြီဖြစ်တယ်” ဟု Pu K.Vanlalvena က ပြောသည်။

ထို့ကြောင့် ဒီမိုကရေစီလိုလားသော အိမ်နီးချင်း မြန်မာပြည်သူများအား ကူညီပံ့ပိုးခြင်းသည် ကမ်ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယဗဟိုအစိုးရမှမဖြစ်မနေဆောင်ရွက်ရမည့်တာဝန်တရပ်ဖြစ်သည်ဟု Pu K.Vanlalven ကပြောသည်။

မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူများတချို့မှာ ဆွေမျိုးမိသားစုအိမ်မှာ နေထိုင်ကြပြီး တချို ့မွာ မီဇိုရမ်အစိုးရနှင့် NGO အဖွဲ့အစည်းပူးပေါင်းကာ မီဇိုရမ်ပြည်နယ်အသီးသီးရှိ ရွာပေါင်း (၁၅) ရွာမှာ တည်ဆောက်ထားတဲ့ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...