လေးကေကော်တိုက်ပွဲဂယက်ကြောင့် ပြည်သူပေါင်း ၃၀၀၀ ကျော် စစ်ရှောင်နေရ

လေးကေကော်တိုက်ပွဲဂယက်ကြောင့် ပြည်သူပေါင်း ၃၀၀၀ ကျော် စစ်ရှောင်နေရ

လေးကေကော်မြို့သစ် အတွင်း တိုက်ပွဲဂယက်ကြောင့် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းအထိ စစ်ရှောင်ပြည်သူ စုစုပေါင်း ၃၀၀၀ ကျော်ရှိသွားပြီဟု စစ်ရှောင်ကူညီပေးနေသူများက ကေအိုင်စီသို့ ပြောသည်။

စစ်ရှောင်ကူညီပေးနေသည့် လူငယ်တစ်ဦးက ” လေးကေကော်တိုက်ပွဲကြောင့် လေးကေကော်ဧရိယာမှာတင် ၂၀၀၀ ဝန်းကျင်လောက်ထိ ဖြစ်လာတယ်။

ထီးမယ်ဝါးခီးကျေးရွာမှာ စာသင်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းနှစ်ကျောင်းမှာတော့ ၁၃၀၀ ဝန်းကျင်လောက်ရှိနေတယ်။ “ဟု ပြောသည်။

ထို့အပြင် လေးကေကော်မြို့သစ်နှင့် မနီးမဝေးရှိ ဖလူးကျေးရွာဘက်တွင်လည်း စစ်ကြောင်းရှိနေသည့်အတွက် လက်ရှိ ဖလူးကျေးရွာစာသင်ကျောင်းတွင် စစ်ရှောင် ဦးရေ ၅၀၀ ကျော်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ရှောင်ပြည်သူများသည် နေရာထိုင်ခင်းအလုံအလောက်မရှိသည့်အတွက် ဖြစ်သလို အိပ်စက်ခဲ့ရပြီး ရာသီဥတုအေးချမ်းသည့်အတွက် မိခင်နှင့် ကလေးငယ်များအတွက် အလွန်ဒုက္ခရောက်သည်ဟုလည်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

လတ်တလောတွင် စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်၍ စစ်ရှောင်ဦးရေ ထပ်တိုးလာမည့် အခြေအနေတွင်ရှိသည်ဟုလည်း ပြောဆိုနေကြသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...